💚Seon Saeng Nim💚

545 41 24
                                        

Episode💚Nineteen
Markbam🐰🐍

Zawgyi :::

နေ့လည်ခင်းမှစထွက်တည်းကနေ Sunrise Peak တွင် ညနေစောင်းတဲ့ထိ အချိန်အတော်ဖြုန်းပစ်ခဲ့ကြသည်။အထူးသဖြင့် speed boat ကို ကျောင်းသားငယ်တွေ စိတ်ကြိုက်စီးခိုင်းစေခဲ့သည်။ဂျယ်ဂျူးပင်လယ်ကမ်းစပ်တွင်တော့ ဘာမှစီးခွင့် ပေးမှာမဟုတ်သောကြောင့် အလိုလိုက်ခဲ့ခြင်းပင်။

သေချာပောက်အရိုလွန် ဆရာမာ့ခ်သည် အားလုံးနဲ့ မျက်ခြေဖြတ်ရာ တစ်နေရာသို့ ရည်ရွယ်မောင်းကာ ပင်လယ်ထဲတွင် အနမ်းမုန်းတိုင်း အပြင်းတိုက်ခဲ့သည်။

Bambam နှုတ်ခမ်းတွေဟာ ပေါက်ပြဲသွေးစို့ကုန်ပြီမို့ ကမ်းစပ်က ဘာဘာညာညာရောင်းသည့်ဆိုင်ငယ်လေးတွင် Mask တစ်ခုအမြန်ဝယ်ကာ ကောက်တပ်ထားရသည်။မဟုတ်ရင် ပင်လယ်ထဲ နှစ်ယောက်စီးလှေပေါ် နှုတ်ခမ်းပေါက်ပြဲလာရသည့် အကြောင်းရင်းကို သူပြန်မဖြေတတ်ပါ။

ဟိုတစ်ခါလို ရွဲ့ထဲ့ပြီး ဘီလူးကြမ်းစီးခံရတယ်လို့လည်း ပြောလို့မဖြစ်။
ဟုတ်တယ် တစ်ခါက နှစ်ခါဆို ရိပ်မိကုန်ကြတော့မယ်။
ဒီလူကြီးက နည်းနည်းမှ အလိုက်ကန်းဆိုးမသိ။အရှက်ကို မရှိတာ။လိုချင်တာကိုသာ မရရအောင် ယူသည်။

"ဘေဘီလေးကလဲကွာ...!"

ကြည့်ပါလား....?
သူ့ကြောင့်မို့ ဒီလိုဖြစ်တာကို မျက်စောင်းချီပြ တော သူ့အပြစ်သူ သိသူက ပလီပလာလုပ်ပြ
နေတာ..။

မုန်းစရာကောင်းလိုက်တာ....။

"ဘေဘီဘမ်းလေး ညကျရင် ဘာစားမလဲ?
ကင်ချီထမင်းကြော်စားမလား?ကြက်ကြော်စားချင်လား?ဒါမှမဟုတ် ပင်လယ်စာ...?"

"ကယောင်ကတမ်းတွေ လျှောက်ပြောနေတယ်...
တကယ်ပါပဲ မုန်းစရာကောင်းလိုက်တာ....
ဖယ်ဗျာ.. အနားလာမကပ်နဲ့... သုံးနာရီ စိတ်ကောက်တယ်..."

"..😟.."

စိတ်ကောက်တာတောင် သုံးနာရီတဲ့...။😦

ပင်လယ်ကမ်းစပ်တွင်ပင် ဆရာတွေနဲ့ ကလေးအုပ်စုလိုက် ဓာတ်ပုံတွေရိုက်ကြ၊တစ်ယောက်ချင်း ရိုက်ကြနဲ့ ဆူညံနေကြပြန်သည်။
seon saeng nim mark tuanကြီးဟာလည်း မသိမသာတစ်မျိုး သိသိသာသာတစ်မျိုးနဲ့ သူ့လည်ဆွဲကင်မရာလေးနဲ့ ကောက်ချိတ်လေးရဲ့ အမူအရာတစ်ခုချင်းစီကို မှတ်တမ်းတင်နေသည်။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Donde viven las historias. Descúbrelo ahora