[15]

1.5K 240 31
                                    

"MinSeok"

MinSeokဆိုတဲ့ ဩရှရှခေါ်သံနဲ့အတူ JongInတို့ထိုင်နေရာ စားပွဲဝိုင်းဆီလျှောက်လာတဲ့ SongHoDong...

အရမ်းကြီးရင်းနှီးတယ်လည်း မဟုတ်ပေမယ့် MinSeokရဲ့ ငယ်သူငယ်ချင်းဆိုကာ မိတ်ဆက်ပေးဖူးသည်မို့ မျက်မှန်းတော့တန်းမိပါသည်...

ဒီရက်ထဲ HoDongအား JongInတို့မေဂျာတစ်ဝိုက်တွင် ခဏခဏ တွေ့ရသည်...

ပထမနှစ်တုန်းကတော့ အခုလောက်အထိ မတွေ့ရတတ်...

အင်းလေ သူလည်း ကိစ္စရှိလို့လာတာနေမှာပေါ့...

ကိုယ့်အတွေးနဲ့ကိုယ်ပင် တွေးခေါ်လိုက်ရင်း သောက်လက်စ Latteကိုဆက်သောက်နေလိုက်သည်...

"Again"

အနားရောက်လာသည့် HoDongဆိုသူအား ကြည့်ကာ စသလိုနောက်သလိုဖြင့် MinSeokက ရယ်ရွှင်စွာပြော၏...

"အသည်းနှလုံးကဒီမှာရှိနေတော့ လာရတာပေါ့ကွ"

JongInနဲ့TaeMinကိုလည်း ပြုံးပြရင်း MinSeokထံသို့လည်း စကားပြန်နေသေးသည်...

အသည်းနှလုံးဆိုတော့ HoDongက စီးပွားရေးမေဂျာက ကောင်မလေးတစ်ယောက်ကို ချစ်နေသည်ဟု JongInတွေးလိုက်သည်...

"အေးပါကွာ လာနိုင်ပါစေ လာနိုင်ပါစေ"

MinSeokနဲ့ ရွှတ်ရွှတ်နောက်နောက် ပြောပြီး JongInတို့ကိုပါ နှုတ်ဆက်ကာ ကန်တင်းထဲမှထွက်သွားသော HoDong၏ကျောပြင်အား ဘာရယ်မဟုတ် JongInလိုက်ကြည့်မိသည်...

"MinSeok..မင်းသူငယ်ချင်းကလေ စီးပွားရေးမေဂျာကကောင်မလေးကို လိုက်နေတာလား"

ကျွန်တော့့နည်းတူ အနည်းငယ်သဘောပေါက်သယောင်ရှိသည့် TaeMinက စူးစမ်းစွာမေးသည်...
ကျွန်တော်ကတော့ နားစွင့်လျှက်ပေါ့...

"အေး လိုက်တော့လိုက်နေတာကွ..
ကောင်မလေးတော့မဟုတ်ဘူး ကောင်လေးကို"

MinSeokစကားအဆုံး အံ့တော့ဩသွားရပါသည်...

HoDongကလည်း မိမိလို ယောကျာ်းလေးတစ်ယောက်ကို ချစ်နေတာပဲ...

စိတ်ထဲကနေလည်း ကံကောင်းပါစေဟု ဆုတောင်းပေးလိုက်ပါ၏...

သို့ပေမယ့် မိမိဆုတောင်းရဲ့နောက် MinSeokဆက်ပြောသည့် စကားကြောင့် ပူပန်မှုတွေနဲ့ တောင်စဉ်ရေမရတဲ့အတွေးတွေက ဦးနှောက် ရောပြွမ်းသွားသည်...

Obviate Difficulties By LoveWhere stories live. Discover now