အပိုင်း-4

9.6K 703 11
                                    

.................

မနက်​​စော​စောထ၍ ​ကျောင်းသို့သွားရန်​ပြင်​ဆင်​​နေရသည်​မှာ တစ်​လုပ်​ငန်းပင်​။ ​စော​စောနိုးရန်​ နာရီ Alarm ​ပေးထားရ၏။ ပြန်​ပိတ်​ကာ အိပ်​တက်​သည့်​ အကျင့်​​လေးကရှိ​နေပြန်​​တော့ သတိထားရ​သေး၏။ ​ရေချိုးပြီး ​မ​နေ့ညက စာကျတ်​ရင်း မီးပူတိုက်​ထား​သော​ ယောပုဆိုးအပြာ​ရောင်​နဲ့ လည်​ကတုံး အဖြူ​ရောင်​ကို ဝတ်​ဆင်​လိုက်​တယ်​။ အ​ရေးထဲ လက်​ပတ်​နာရီ ဘယ်​​နေရာထားမိမှန်းမသိလို့ ရှာ​နေရ​သေးသည်​။ ထို့​နောက်​ အမျိုးသားသုံး ခရင်​ခ်​ တစ်​ခုအား​ကောက်​လိမ်းကာ ပြင်​ဆင်​စရာများ ပြင်​ဆင်​၍ ထွက်​ခဲ့လိုက်​တယ်​။ အနည်းငယ်​​စောလွန်း​ပေမယ့်​ ဆုလဲ့ရည်​ အားဝင်​​ခေါ်ရမည့်​ အ​ရေးကိစ္စက ရှိ​သေးသည်​မဟုတ်​လား။ ထိုအမျိုးသမီးက အမြဲ​စောင့်​ရတက်​လို့ ​စောထွက်​မှ ​တော်​ကာကျ၏။

သူ ဆုလဲ့ရည်​တို့ အိမ်​နားအ​ရောက်​တွင်

"Mama please don't cry
I will be alright..."

ကြည့်​လိုက်​​တော့ ဆုလဲ့ရည်​ဆီမှ

"​ပြော"

"ဒီ​နေ့ နင်​မ​ခေါ်​တော့နဲ့ ငါအလှပြင်​ဆိုင်​မှာမို့ အာကာလာ​ခေါ်လိမ့်​မယ်​"

"ပြီး​ရော"

မြန်​ချက်​ မ​နေ့ကမှ စခင်​တဲ့​ကောင်​​လေးက​တောင်​ လာကြိုမယ်​ဆို​တော့ ​ဒေါ်ဆုလဲ့ရည်​တို့များ မ​ပြောချင်​ဘူး။ ​ကောင်းတာ​ပေါ့ သူ့ မ​ခေါ်ရ​တော့ လွပ်​​တောင်​ လွပ်​လပ်​​သေးတယ်​။

သူ​ကျောင်းဝင်းထဲ ​ခြေချမိချိန်​၌ အဟုတ်​အမှန်​ပင်​ တစ်​​ကောင်​တစ်​မြှီးမှ မ​တွေ့ရ​သေး​ပေ။ မနက်​ခင်း ကြက်​ဆီထမင်းဗူးများလည်း လာပို့မည်​ဖြစ်​၍ ​စောင့်​ရဦးမည်​။

သူဌာနသို့​ရောက်​​တော့ အပြင်​ ခုံ​လေးတွင်​သာ ထိုင်​​နေလိုက်​တယ်​။ ထိုအချိန်​ ​ခြေသံကြားလို့လှည့်​ကြည့်​မိ​တော့ မင်းကမ္ဘာ ။ ပြုံးပြရင်း သူ့ဆီသို့ လာ​နေ၏။ ရိုးရိုး ဂျင်း​အနက်​နှင့်​ အနက်​နဲ့ အဖြူ​ဒေါင်​လိုက်​ အဆင်းကို ​ဆေးစက်​ အချို့စွန်းထင်း​နေသ​ယောင်​ ဒီဇိုင်းရှိတဲ့ ရှပ်​လက်​ရှည်​ကို လက်​​ခေါက်​တင်​ထားပြန်​သည်​။ ဤသည်​မှာပင်​ သူ၏​ချော​မောမှုအား ပြဖို့ရန်​ လုံ​လောက်​​နေ​လေသည်​။

Senpai is my BoyfriendWhere stories live. Discover now