[16]

1.6K 261 43
                                    

ကုတင်ပေါ်တွင် ဆေးခန်းမှဝတ်စုံနဲ့ လဲလျောင်းစွာအိပ်ပျော်နေသူအား KyungSooတွေတွေလေးပင် ကြည့်နေမိသည်...

ဘယ်လိုလုပ်ရပါ့မလဲ..ဆောင်းဝင်လာပြီမို့ အေးလာတဲ့အချိန် လက်မောင်းက နာနေတော့မှာ..သူနာကျင်နေတော့မှာ...

အတွေးထဲမှာ ပူပန်မှုတွေက ရောပြွမ်းလို့...

မရမကကျချင်နေသည့် မျက်ရည်တွေအား ထိန်းချုပ်ထားရခြင်းသည်ကား ဆို့နင့်မှုကိုပိုလို့ပင်တိုးစေသည်...

စီနီယာအသင်းသားနှစ်ယောက်၏ ဟိုဘက်ဒီဘက်ပစ်ကာ လေ့ကျင့်နေတဲ့ဘောလုံးက မရည်ရွယ်ပါပဲ KyungSooရပ်နေရာတည့်တည့်ဆီ ဝင်ရောက်လာခဲ့သည်...

သိုပေမယ့် JongIn sambaeက ထိုဘောလုံး မိမိကိုမထိအောင် သူကျောပေးကာ ကာကွယ်လိုက်တာကြောင့် အရှိန်နဲ့ဘောလုံးက သူ့ဘယ်ဘက်ပခုံးဆီ တည့်တည့်ရောက်သွား၏...

အရေးပေါ်ကားခေါ်ကာ ဆေးရုံသွားကြမည်ဟုပြင်သော်လည်း ကျောင်းကမပြန်သေးသည့် ဆေးခန်းကဆရာဝန်ကလည်း ရှိနေခြင်းကြောင့် KyungSooတို့တွေ ကျောင်းဆေးခန်းမှာပင်ဖြစ်သည်...

ဘောလုံးပစ်လိုက်သည့် စီနီယာအစ်ကိုကြီးကလည်း သူ့ကြောင့်ဖြစ်သွားသည်ကြောင့် စိုးရိမ်ကာပူပန်နေ၏...

လူတွေအများကြီးနဲ့ဆို ရုတ်ရုတ်သဲသဲဖြစ်နေမည်စိုးတာကြောင့် အသင်းသားတွေအား အိမ်ပြန်ခိုင်းလိုက်ကာ လူရင်းတွေပဲကျောင်းဆေးခန်းမှာ နေခဲ့လိုက်သည်...

နည်းပြဆရာနှစ်ယောက်ကတော့ ခုတင်ဘေးကခုံမှာထိုင်လို့...

Chenရယ် DaeMinရယ် MinSeok Hyungရယ်ကတော့ ဆေးခန်းထဲမှာချထားသည့် ဆိုဖာရှည်တွင် ထိုင်နေကြသည်...

TaeMin Hyungနဲ့ မိမိကတော့ ကုတင်အစွန်းမှာ မတ်တပ်ရပ်လျှက်...

"ချောက်"

တံခါးဖွင့်သံနဲ့အတူ အခန်းထဲဝင်လာသည့် ဆရာဝန်...

ဆရာဝန်ဝင်လာတာကြောင့် အကုန်လုံးမတ်တပ်ရပ်လိုက်ကြသည်...

"လက်မောင်းအရင်းက အဆစ်ကရောင်သွားတာကြောင့် နှစ်ပတ်ကျော်သုံးပတ်လောက် လက်ကိုသိပ်မလှုပ်ရှားရင်ကောင်းမယ်.. လေးပင်တာတွေမ,မပဲနေပါ..မဟုတ်ရင် တစ်ခါထိခိုက်ပြီးသားလက်မို့ နောက်တစ်ခါထိခိုက်ဖို့ကမလွယ်ဘူး...
ပေးတဲ့ဆေးကိုလည်း မှန်မှန်သောက်ပေါ့"

Obviate Difficulties By LoveWhere stories live. Discover now