PART ::10 :: မင်းမသိလည်းဖြစ်တယ် ..

44.5K 5.1K 377
                                    

Zawgyi..

ကြီးကြီး နဲ့  အမှတ်တရတွေရှိသော အိမ်လေးကိုထုတ်ရောင်းပစ်လိုက်ပြီမလို့ လိုတာလေးတွေ လာသိမ်းဆည်းနေလိုက်သည် ။အိမ်ရောင်းရသည့်ပိုက်ဆံတစ်ဝက်ကို ကြီးကြီးနာမည်နဲ့  မိဘမဲ့ဂေဟာမှာသွားလှူဖို့ တွေးထားသည် ။။ပစ္စည်းကများများစားစားတော့မရှိ။ဒီအတိုင်း ဓာတ်ပုံအလ်ဘမ်လေးတွေလောက် သာ အဓိကသိမ်းဖြစ်သည် ။

ပုံးတစ်ပုံးလောက်သာသယ်လာရင်း သော့ခတ်ဖို့ အလုပ်မှာ...ခြံထောင့်နားလေးက လှုပ်တုတ်လှုပ်တုတ်

ဟင် မည်းလိုက်သည်မှာ သေချာကြည့်မှ ခွေးနက်လေးတစ်ကောင် ။ဝတုတ်ခဲခဲ လေးမလို့  ချစ်စရာကောင်းသည် ။နောင်တို့ ခြံကတိုင်မှာ ကြိုးနဲ့ ချည်ထားတာမလို့  လာရောက်စွန့် ပစ်သွားပုံပါပင် ။

" ဟေး မင်းလည်းတစ်ကောင်တည်းပဲလား "

မျက်ဝန်းနက်နက်လေးတွေနဲ့ သနားစဖွယ်အကြည့်မှာ နောင့်နှလုံးသားလေး အရည်ပျော်သွားတော့သည် ။

" ဒါနဲ့ မင်းနာမည်က "

လည်ပတ်အ၀ါလေးမှာရေးထားသည်က " friendy"တဲ့လား ။ထိုနေ့ က နောင်သူငယ်ချင်းအသစ်ရခဲ့လေသည် ။ အင်း အတော်လည်းဆိုးတဲ့ သူငယ်ချင်းပေါ့ ။ စမွေးပြီးတစ်ရက်အတွင်း ထိုအကောင်လေးအကြောင်း ကောင်းကောင်းသိလိုက်ရသည်က အတော်လေး ကမြင်းသည် ။အရိပ်ထဲမှာနေလျှင် သူ့ အရောင်မည်းမည်းနဲ့ လူတွေမမြင်တာ အခွင့်ကောင်းယူ ၀င်ဝင်လုံးသည် ။ စားစရာဆိုလည်းအတော်လေးကို ဂျီးများသည် ။သူ့ အရင်သခင်သည် အတော်လေးဖူးဖူးမှုတ်ခဲ့ဟန်ရှိသည် ။

ဘာကြောင့် နောင်တို့ လို နုံချာသည့် အိမ်လေးမှာ လာရောက် စွန့် ပစ်ထားခဲ့သည် မသိပေမယ့်လည်းပေါ့ ။

ဒီနေ့ ညလုပ်လက်စအလုပ်တွေအဆုံးသတ်ရင်း နောင်ထလာလိုက်သည်...။ညစာမစားရသေးတာသတိရတော့ဗိုက်က

ပိုတောင်ဆာ..လာသလို... ။ရေပဲယူသောက်ရန်ဆုံးဖြတ်လိုက်ပြီးတံခါးကိုအသာဖွင့်သော်လည်း နားပါးသူfriendyဆိုတဲ့ခွေးစုတ်လေးက

ကုတင်မှလှစ်ခနဲထလာပြီး အခန်းဖွင့်လိုက်သည်နှင့် နောင့်ထက်အရင်ဦးအောင်ပြေးထွက်လေသည်..။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now