Part-13

6.9K 345 5
                                    

"သူရ! ဇွဲထက်​သန့်​ အ​ခြေအ​နေ"

သူရ ဦး​လေးဇွဲမာန်​ကို ​ခေါင်းခါပြလိုက်​သည်​~

"​ကောင်းပြီ​လေ! ဒီ​ကောင်​ ဘယ်​​လောက်​ထိ ခံနိုင်
မလဲ ကြည့်​ရ​သေးတာ​ပေါ့"

**********

"ဟမ်​! သွန်း! မနက်​အ​စောကြီး ဘယ်​သွားမလို့လဲ"

'သွန်းခ´ ဖိနပ်​စီး​နေရာက​နေ အဲ့တစ်​​ယောက်
အ​မေး​ကြောင့်​ လှည့်​ကြည့်​လိုက်​သည်​~

"အိမ်​ပြန်​မလို့"

"ဟမ်​! အိမ်​ပြန်​မလို့! ဘာလို့လဲ!ကိုယ့်​​​ကြောင့်​လား"

"ဟုတ်​တယ်​! ခင်​ဗျားနဲ့မ​နေချင်​လို့"

'သွန်းခ´ပြီးတာနဲ့ ​ထွက်​လာခဲ့လိုက်​သည်​~

"ဂျွတ်​~~~~"

လမ်း​လျှောက်​လာရင်း အ​နောက်​က တစ်​​ယောက်
ယောက်​လိုက်လာသလိုလို ဘာလိုလို~သူပဲစိတ်
ထင်​တာလားမသိ~

လှည့်​ကြည့်​​တော့လဲ ဘာမှမ​တွေ့~ရုတ်​တရက်
ကြက်​သီး​တွေ​တောင်​ ​ထလာမိသည်​~

ကားမှတ်​တိုင်​​ရောက်​ဖို့ကလဲ လို​သေးတာမို့ ခပ်
သွက်​သွက်​ပဲ ​လျှောက်​လာခဲ့လိုက်​သည်​~

'သွန်းခ´​စီးရမဲ့ YBS ကားလာတာနဲ့ တက်​ဖို့ပြင်​လိုက်​သည်​~

ရုတ်​တရက်​ လှမ်းတက်​လိုက်​တဲ့ ​ခြေတစ်​ဖက်​က
အ​ပေါ်မ​ရောက်​ဘဲ ဟန်​ချက်​ပျက်​သွားကာ ​နောက်
ပြန်​လန်​ကျလာသည့်​ အ​နေအထား~

"အင့်​~~~"

ပြုတ်​ကျပြီလို့ ထင်​ထား​ပေမဲ့ အ​နောက်​က လှမ်း​ပွေ့လိုက်​တဲ့တစ်​​ယောက်​​ကြောင့်​~

နွေး​ထွေးလှတဲ့ ရင်​ခွင်​နဲ့ သင်းပျံ့တဲ့ ကိုယ်​သင်းနံ့​လေး

"ဟမ်​~~ခင်​ဗျား"

အချိန်​ရထားကြီးက ငါးမိနစ်​​လောက်​ ရပ်​တန့်​သွား
သည်​ ထင်​ပါရဲ့~

"ဒီက ညီ​လေးတို့ ကား​ပေါ်တက်​ဦးမှာလားခင်​ဗျ"

Driver စကား​ကြောင့်​ သွန်းခ သူ့ကို တွန်းထုတ်​ကာ
ကား​ပေါ်တက်​လာခဲ့လိုက်​သည်​~

My Owner(Completed)Where stories live. Discover now