ep 2

28.9K 2.5K 198
                                    


သခင်လေး ရေချိုးနေချိန် မုန်း အပြင်ဖက်က ရပ်စောင့် နေခဲ့သည် ။ သခင်လေး အကျင့်က ရေချိုးပြီးတာနဲ့ ကော်ဖီပူပူတစ်ခွက်ကို သောက်ကာ စာအုပ်ဖတ်နေတတ်သည် ။ ထိုအချိန် သူကပါ သခင်လေး၏ မလှမ်းမကမ်းတွင် ထိုင်ကာ သခင်လေးဖတ်ခိုင်းသည့် စာအုပ်တွေကို အကုန်ထိုင်ဖတ်ရသည် ။ ပြီးတော့ သခင်လေး၏ စာမေးပွဲစစ်မှုကို ခံယူရသည် ။ သို့မဟုတ် သခင်လေး၏ အလုပ်တွေကို လုပ်ကူရသည် ။ သူဟာ အခု အတောင်စုံနေပြီ ၊ သို့သော် သခင်လေးအတွက်သာ သီးသန့်ပျံသန်းသည့် ငှက်ငယ်လေးတစ်ကောင်သာ ။

ရေချိုးခန်းမှ ထွက်လာသော သခင်လေးသည် သူ့ကို တစ်ချက်ကြည့်ကာ အေးစက်သော မျက်နှာနှင့် တစ်ဖက်သို့ လှည့်သွားသည် ။ ထို့နောက် ကုတင်ထောင့်စွန်းနား သွားထိုင်နေ၍ မုန်း အလိုက်တသိပင် လေမှုတ်စက်ယူပြီး အနားသွားရပ်လိုက်သည် ။ သခင်လေးသည် အင်မတန်မှ ဇီဇာကြောင်သူဖြစ်ပြီး သူ့ရဲ့ ဝေယျာဝစ္စတွေကို မုန်းမှလွဲ၍ တပါးသူပြုလုပ်ပေးသည်ကို မနှစ်သက် ။ ယုတ်စွအဆုံး သူစီးရမည့် ဖိနပ်သည်ပင် မုန်းက သန့်စင်ပေးထားမှ ။

ရေစို ဆံနွယ်တွေကို မုန်းက မထိရက်စွာပင် သဘက်နဲ့ ဖွဖွလေးသုပ်ပေးကာ dryer နဲ့ လေမှုတ်ပေးလိုက်သည် ။ တစ်ချက်တစ်ချက် အနှိုင်းမဲ့အနား ယိမ်းယိုင်နီးကပ်သွားသည့် ခန္ဓာကိုယ်ကြောင့် အနှိုင်းမဲ့ စိတ်မရှည်စွာနဲ့ မုန်း၏ ခါးကို ဆွဲယူပြီး သူ့နံဘေးမှာ ထိုင်စေလိုက်သည် ။

" ထိုင်မှုတ်စမ်း........ မိုးတိုးမတ်တပ် နဲ့ အာရုံနောက်လိုက်တာ.......''

" ဟုတ်........ ''

သိပ်မကြာမှီအချိန်တွင် အိမ်စေတစ်ဦးမှ ကော်ဖီခွက်ကိုင်ပြီး အခန်းထဲဝင်လာသည် ။

ကော်ဖီခွက်ကို မြင်တာနဲ့ အနှိုင်းမဲ့၏ မျက်ဝန်းတွေသည် လင်းလက်သွားပြီး စိတ်လှုပ်ရှားသွားသည် ။ ဆံပင် ကောင်းကောင်းမခြောက်သေးခင် ထသွားပြီး စာကြည့်စားပွဲတွင် ထိုင်ကာ ကော်ဖီကို အရင်လှမ်းသောက်လိုက်သည် ။ သခင်လေးဟာ ကော်ဖီကို သိပ်ကြိုက်တဲ့သူ ၊ ကော်ဖီခါးခါးကို စွဲစွဲမက်မက်သောက်ပြီး အလုပ်လုပ်တတ်တဲ့သူ ။ သခင်လေးဟာ အမြဲတမ်းနီးပါး မောက်မာပြီး ခက်ထန်သော်လည်း ကော်ဖီသောက်သည့် အချိန်တွင် သူ့စိတ်သည် ရွှင်ပြနေတတ်သည် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now