ep 3

23.7K 2.3K 324
                                    


ဝမ်းဗိုက်ကို ဖိနှိပ်ထားရင်း နာကျင်စွာ အံကြိတ်ပြီး လူးလှိမ့်နေသည့် သခင်လေးကြောင့် မုန်း ခေါင်းတွေ ထူပူသွားသည် ။

" သခင်လေး ဘာဖြစ်တာလဲ..........''

" ငါ့....... ငါ့ဗိုက်.... အရမ်းအောင့်နေတယ် ''

သခင်လေးကို ထူရမလား ဘာကိုအရင်လုပ်ရမှန်း မုန်းမသိတော့ ။

" ဆေးရုံသွားရအောင်........သခင်လေး ''

" ငါအခုလို ဖြစ်တာ လူသိလို့ မဖြစ်ဘူး....။ လူတွေက ငါ့ကို ရောဂါသည်လို့ ကောလဟာလ လွှင့်ပြီး ငါ့ကို ဆွဲချကျမှာ.....၊ ခဏနေဆို သက်သာလိမ့်မယ်.... ခဏ ငါ ဒီအတိုင်းနေမယ်......။ မင်း ဘယ်မှ မသွားနဲ့ ဒီမှာဘဲ စောင့်နေ ''

ဒါပေမယ့်..........
ထိုစကားကို မုန်း ဆက်မပြောရဲ ။ သခင်လေး၏ ဝေဒနာထက် အရေးကြီးတာ ရှိလို့လား သခင်လေးရယ် ။ လူတွေအမြင်ကို ဘာလို့ ဒီလောက် ကရုစိုက်နေရမှာလဲ ။

" ဟုတ်.... မုန်း ဒီမှာဘဲ ရှိနေပါ့မယ် ''

ချွေးစေးတွေနဲ့ အရမ်းနာကျင်နေဟန် တူသည့် သခင်လေးကိုကြည့်ပြီး မုန်း ရင်ဘတ်ထဲက တဆစ်ဆစ်နဲ့ နာကျင်လာသည် ။ ဒီနာကျင်မှုတွေကို သူလွှဲယူလို့ ရရင် သိပ်ကောင်းမှာဘဲ ။

" ရေနွေးအိတ်ကပ်မလား............''

မဝံ့မရဲနဲ့ မေးလိုက်သည့် မုန်း၏ စကားကြောင့် အနှိုင်းမဲ့ အံကျိတ်နေရင်းမှ သူ့ဆီကို မျက်စောင်းလှလှက ဒိုင်းခနဲ ရောက်လာသည် ။

" ငါက ဓမ္မတာ လာလို့ ဗိုက်အောင့်နေတဲ့ လူနဲ့ တူနေလို့လား........''

" မဟုတ်ပါဘူး...... ၊ မုန်းက သခင်လေး ဝေဒနာ သက်သာနိုင်မယ့်နည်းတွေးမိလို့ပါ ''

" မင်း ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေး ရပ်နေမယ်ဆိုရင် ငါ့အတွက် လုံလောက်ပြီ ''

" ဟုတ်....ဟုတ်.. ......''

မုန်းသည် လိမ်မာပါးနပ်ပြီး ထက်မြက်တဲ့ လူတစ်ဦးဆိုပေမယ့် သခင်လေးနဲ့ ပက်သက်ရင် ဘာကြောင့်မှန်းမသိ အလိုလို တုံးအ လာသည် ။ ဒါဟာ သခင်လေး ပုံသွင်းထားသည့် စရိုက်ကြောင့်များလား ။

အတန်ငယ်ကြာတော့ သခင်လေး လူးလှိမ့်နေရာမှ ရပ်သွားပြီး ကုတင်ပေါ်မှာ ထထိုင်လိုက်သည် ။ မုန်း လက်ထဲက သဘက်ကိုအပါးတစ်ထည်ယူကာ သခင်လေးကို ကမ်းပေးလိုက်သည် ။ သူ့နဖူးပေါ်က ချွေးစေးတွေကို သုတ်ပြီးနောက် အနှိုင်းမဲ့ မုန်းကို ခပ်စူးစူးကြည့်လိုက်သည် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now