"ရပ်စမ်း… မင်း ဘယ်သူလဲ…"
"ငါ ဒီအိမ်က သခင်လေးရဲ့ မိတ်ဆွေပါ… သခင်လေးကို သွားအကြောင်းကြားလိုက်…. ငါရောက်နေပြီလို့…"
"ရာရာစစ မင်းကများ… ဒီစံအိမ်က သခင်လေးကို တွေ့ချင်တိုင်း တွေ့လို့ရမယ် ထင်နေတာလား…"
"ထွက်သွားစမ်း…."
"ပြီးရောလေ…."
မို့ရန် အစောင့်များကို စကားဆက်မပြောတော့ဘဲ နောက်လှည့်ပြန်သည့်ဟန် ပြလိုက်ပြီး ဆတ်ခနဲ ပြန်လှည့်ကာ အိမ်ဝင်းထဲသို့ ပြေးဝင်သည်။ သူမ ဂိတ်ဝ ထဲတောင် မရောက်လိုက်။ အစောင့်များက သူမကို ဂျိုင်းတစ်ဖက်စီမှ ဆွဲကာ မြေပေါ်သို့ ပစ်ချလေသည်။
"နင်တို့တွေ… နောက်မှ ငါနဲ့တွေ့မယ်…"
ပေကျံသွားသည့် ဖုန်သဲများကို ခါထုတ်ကာ ကြိမ်းဝါးသည်။ ပြီးနောက် ခြံဝင်းအနောက်နား လူပြက်သည့် နေရာသို့ ရောက်သည်နှင့် အုတ်တံတိုင်းကို ခွတက်သည်။ဘာလို့ ဒီလောက်တောင် အမြင့်ကြီး လုပ်ထားရတာလဲ.. ငလူးပဲ…!
သူမအတွက် လူနှစ်ပြန်လောက်ရှိသည့် အုတ်တံတိုင်းသည် အတော်ကြီး မြင့်နေပြီ။ မတတ်နိုင်တော့။ အောက်တွင် မြေပြန့်သည့် နေရာကို ရှာပြီး ခုန်ချဖို့ ချီတုံချတုံ။ မျက်စိကို အတင်းပိတ်ကာ ဘုရားတပြီး ခုန်ချလိုက်သည်။
ဘုန်းးးးး….
"အားရို့ရို့…. ကျိုးပါပြီတော်…"
ကွမ်းချီ သူ့ရှေ့သို့ ပြုတ်ကျလာသည့် လူကိုတွေ့သည်နှင့် မဆိုင်းမတွပင် ဘေးနားမှ ဝါးတုတ်ကို လှမ်းယူပြီး ကုန်းကုန်းကွကွဖြင့် ပြန်ထဖို့လုပ်နေသည့် လူ၏ ဇာတ်ပိုးသို့ ထောက်ထားလိုက်သည်။
"ဘယ်သူလဲ… ငါ့ခြံထဲကို ခိုးချောင်ခိုးဝှက်ဝင်လာတာ အတင့်ရဲလွန်းလှချည်လား…."
မို့ရန် ထိုအသံကို ကြားသည်နှင့် ဝမ်းသာသွားသည်။
"အစ်ကိုကွမ်းချီ… ကျနော်ပါ…."
မို့ရန်မျက်နှာကို မြင်သောအခါ ကွမ်းချီ အံ့သြသွားသည်။ သူ့ညီမလေးက ဘယ်လိုဖြစ်ပြီး အုတ်တံတိုင်း ကျော်လာရသနည်း။ အလျင်စလိုဖြင့် ညီမလေးကို ဆွဲထူပေးကာ
"မင်း အတော်နာသွားလာ ညီမလေး…"
"ခြေထောက် နည်းနည်းနာသွားရုံပါ… ဘာမှမဖြစ်ဘူး…"
"ဘာလို့ အိမ်ရှေ့ဂိတ်ဝက မဝင်လာဘဲ အုတ်တံတိုင်းကျော်လာရတာလဲ…"
"အစ်ကို့ရဲ့ အစောင့်တွေက ပေးမှမဝင်တာ…"
"ငါ သူတို့ကို ကောင်းကောင်းကြီး အပြစ်ပေးပါ့မယ် ညီမလေး… လာ… အိမ်ထဲ သွားရအောင်…"
----------------------------------------
YOU ARE READING
ကြင်ယာတော် "မို့ရန်"
Historical Fictionအချိန်ခရီးသွားခြင်းက တကယ်ပဲ ရှိတာလား.... ပတ်ဝန်းကျင်က လှုပ်ရှားသွားလာနေသည့် လူများက သူမကို "ဒါတကယ်ဟုတ်တယ်" ဟု ပြောနေသလိုလို... မျက်ဝန်းတို့ကို မှိတ်လိုက်သည်... "မဖြစ်နိုင်တာ..." (BL မဟုတ်ပါ :\ ) (My OC)