အခန်း (၇)

9.2K 1K 45
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၇)

TRANSLATOR - SS
--------------------

ရန်ရှီးနဉ် မနက်စောစောနိုးလာသည်။

ချက်ချင်းဆိုသလို ဖေ့ကျင်းစိုက်ကြည့်နေတာကိုမြင်လိုက်ရသည်။ မီးနှင့် ကစားချင်နေသည်ဆိုသော မျက်ဝန်းများ။ ကောင်းကင်ဘုံကသာ သိမည်။ ဤသည်မှာ ပထမဆုံးအနေဖြင့် သူ နှာဘူးအပြုံးကြီးနှင့် အတောမသတ်ပြုံးနေမိသည့်အကြောင်းဆိုသည်ကို။

ဖေ့ကျင်း ရန်ရှီးနဉ်၏ စောင်ကို ဆွဲခွာလိုက်သည်။
"ဖူးရန် ကိုယ်တို့အခုအိပ်ရာကထပြီး လူကြီးသူမတွေကို နှုတ်ဆက်ဖို့ နန်းတော်အဆောင်တွေဆီသွားရမယ်လေ"

ရန်ရှီးနဉ်က ပြတင်းပေါက်အပြင်က အလင်းရောင်ဖျော့ဖျော့ကိုတစ်ချက်ကြည့်မိပြီးမျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်မ သင့်တော်တဲ့အဝတ်အစား သွားရှာလိုက်ဦးမယ်"

ရန်ရှီးနဉ် အဝတ်သေတ္တာတစ်ခုကိုဖွင့်လိုက်သည်။သေတ္တာထဲမှာတော့ သူမ၏ နည်းပါးလှသော ပစ္စည်းတွေသာရှိသည်။ သူမ ပိုင်ဆိုင်သမျှသာမန်အထည်များအနက်က အကောင်းဆုံးဝတ်စုံကိုရွေးလိုက်သည်။

ဖေ့ကျင်း ရန်ရှီးနဉ်၏ သေတ္တာထဲကပစ္စည်းများကိုကြည့်မိတော့ မျက်ခုံးကြုတ်သွားမိလေသည်။ သူမ ဝတ်စုံတွေထဲက အထည်စ အချို့အနည်းငယ်ကသာ အရည်သွေးသင့်တင့်ရှိသည်။ အများစုမှာ လွန်ခဲ့သည့်တစ်လ နန်းတော်ထဲမှာကျင်းပခဲ့သော ပွဲတော်ဆီ လာစဉ်က ဝတ်ဆင်ခဲ့သည့် လှပသော ဝတ်စုံကို မယှဉ်နိုင်ပေ။

"ဘာဖြစ်လို့လဲ၊ တစ်ခုခုအဆင်မပြေလို့လား" ရန်ရှီးနဉ် မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ကိုယ့်မိန်းမလေးနဲ့ အရင်တစ်ခေါက်တွေ့ခဲ့တုန်းက နတ်သမီးလေးလိုလှခဲ့တာပြန်တွေးနေတာ"

ဖေ့ကျင်း၏ အာရုံလွှဲစကားကြောင့် သူမသိပ်ပြီးစိတ်မဝင်စားတော့ပေ။ "ကျွန်မ နတ်သမီးလေးနဲ့တူတူမတူတူ၊ နဝမမင်းသားနဲ့တော့ မယှဉ်နိုင်ပါဘူး"

မင်းသမီးခန်းဟွာသည် အပ်ချုပ်သမအချို့ကို ရန်ရှီးနဉ်အတွက် အထည်အသစ် အနည်းငယ်ချုပ်ပေးဖို့ စေခိုင်းခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း မင်းသမီးခန်းဟွာက သူမကို အေးစက်စက်သာဆက်ဆံခဲ့သည်။ သူမကလည်း ဝတ်စုံအသားများ၏ အရည်အသွေးညံ့မှုကို အပြစ်တင်မနေတော့ပေ။ လစဉ်လတိုင်း သူမမှာ တောင်းဆိုခွင့်တစ်ခုသာရှိသည်။ သူမ လွန်ခဲ့သည့်တစ်လကပွဲတော်မှာ ဝတ်ခဲ့သည့်အင်္ကျီကို မှတ်မိ
သေးသည်။ တကယ်တော့ သူမ၏ သေတ္တာထဲမှ အကောင်းဆုံးဝတ်စုံဆိုလျှင်သော်မှ ရန်ရှီးထင်၏ အရိုးရှင်းဆုံးဝတ်စုံနှင့် မယှဉ်နိုင်ရှာ။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now