ep 5

22.3K 2.3K 339
                                    

"မင်း ငါနဲ့ လိုက်ခဲ့မလား...........''

သူဘယ်မေ့မလဲ....... သခင်လေး သူ့ကို ပြောခဲ့ဖူးသည့် ပထမဦးဆုံးစကားကို ။ လွန်ခဲ့တဲ့ ၁၇ နှစ်လုံးလုံး ဘုရားဆိုတာ တကယ်မရှိဘူးလို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့သူဟာ အခု ဘုရားသခင်တကယ်ရှိမှန်း ယုံကြည်သွားပြီ ။ ဒါ ဘုရားက ပေးတဲ့ ဒုတိယအကြိမ် အခွင့်အရေးတစ်ခု ။

ဖုန်တွေ သွေးတွေ ကပ်နေပြီး ညစ်ပတ်နေသည့် မျက်နှာနှင့် အားမနာလျှာမကျိုး ဝမ်းသာအားရ သခင်လေးကို ထခေါ်လိုက်မိသည် ။

" သခင်လေး................... ''

သူ့ကို ပြူးပြီး ပြန်ငုံ့ကြည့်လာသည့် မျက်ဝန်းအစုံက ဘာလား ဆိုသည့် အကြည့်နဲ့ ။ မုန်း ကမန်းကတန်း ထရပ်ပြီး သူ့အင်္ကျီမှာ ကပ်နေသည့် ဖုန်တွေကို သုတ်ချကာ သခင်လေးကို အားကိုးတကြီး ကြည့်ရင်း အရင်အတိတ်က ပြောခဲ့ဖူးသလို သူပြောလိုက်သည်။

" ကျွန်တော့်ကို ကယ်ပါ...... သခင်လေး ''

" မင်းက ဘယ်သူလဲ..........''

မုန်း၏ ဖခင်က အနှိုင်းမဲ့ကို ပမာမခန့်ကြည့်ရင်း မေးလိုက်သည် ။

သခင်လေးက သူ့ကို တစ်ချက်စိုက်ကြည့်လျှက် ကားဆီသို့ ပြန်လှည့်ထွက်သွားတော့ မုန်း ခုမှ တစ်စုံတစ်ရာ ကို သတိရသွားကာ အလျှင်အမြန်ထရပ်ပြီး သခင်လေး၏ အင်္ကျီစကို မဝံ့မရဲ နဲ့ ဆွဲလိုက်သည် ။

" ကျွန်တော့်ကို ဝယ်ပါ သခင်လေး ၊ ကြေးကြီးကြီးပေးစရာမလိုပါဘူး ...... တစ်သက်စာအတွက် သခင်လေးကို ကျွန်တော် အလုပ်အကျွေး ပြုပါ့မယ် ''

" နေပါဦး........ မင်းကို ဝယ်မယ်လို့ ငါမပြောရသေးခင် မင်းဘယ်လို သိတာလဲ ...........''

မုန်း သခင်လေးကို မပွင့်မလင်းပြုံးပြလိုက်သည် ။

" ကျွန်တော်က ဉာဏ်ကောင်းတယ်လေ .......... ၊ သခင်လေး အကျိုးမယုတ်စေရပါဘူး ၊ ကျွန်တော် အဖေ့ဆီမှာ မနေနိုင်တော့လို့ ကျွန်တော့်ကို ကယ်ထုတ်ပေးပါ ၊ သခင်လေးဆီမှာ အစေခံအဖြစ် တစ်သက်လုံးနေပေးပါ့မယ် ''

နေပါဦး...... ထူးထူးခြားခြား ဒီကောင်လေးက သူတစ်ပါးဆီမှာ အတင်းကို အစေခံလုပ်ချင်နေတာ ပုံမှန်မဟုတ်တော့ဘူး ။ ဧကန်န သူ့အဖေက မတရားနှိပ်စက်လို့ ခုလို လွတ်မြောက်ဖို့ ကြံစည်နေတာလား ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now