ep 6

19.9K 2.1K 445
                                    

တစ်ချို့တွေ ရူပ်နေတယ်လို့ ပြောကြလို့ ကိုယ် အပေါ်ယံလေး ရှင်းပြပါရစေ ။ အနာဂတ်ကာက 2018 မှာ အနှိုင်းမဲ့က ဦးမင်းလက်ျာကြောင့် သေဆုံးခဲ့ရလို့ မုန်းဟာ အနှိုင်းမဲ့ကို မကယ်နိုင်ခဲ့လို့ ဖြေမဆည်နိုင်ဖြစ်ခဲ့ရပါတယ် ။ ပြောရရင် ဇာတ်လမ်းက အဆုံးသတ်သွားတယ် ။ အာ့မှာ အချိန်တွေက နောက်ပြန်ဆုတ်သွားပြီး မုန်းက အနှိုင်းမဲ့နဲ့ ပထမဦးဆုံး စတွေ့ခဲ့တဲ့ 2014 ကို ပြန်ရောက်လာတယ် ။ ဒါကြောင့် 2014 က ပစ္စုပ္ပန်ကာလဖြစ်ပြီး မုန်းက အနာဂတ် ကာလ က လာတဲ့လူပါ ။ ဒါကြောင့် 2014 ကနေ 2018 ထိ ဖြစ်ပျက်သမျှကို မုန်းက ကြိုတင်သိရှိနေပြီး အနှိုင်းမဲ့ကို သေခြင်းကနေ ကယ်ပေးရမှာပါ ။ ဘယ်လိုနည်းနဲ့ အနှိုင်းမဲ့ကို သူကာကွယ်မလဲဆိုတာ စောင့်ကြည့်ပေးပါနော် ။

***************************

" စပါးဖျက်ပိုး........ဟုတ်လား ၊ ဘာကို ဆိုလိုတာလဲ.....''

" ဟုတ်ပါတယ်......၊ ဘားထဲကို ပြင်ပအရက်တွေ ခိုးယူလာပြီး ဘားထဲမှာရှိတဲ့ အရက်တွေနဲ့ ရော ရောင်းတာပါ ၊ သိတဲ့အတိုင်းဘဲ အရက်တွေက ဘားထဲမှာဆို ဈေးက ၂ဆ ဆိုတော့ သူတို့အတွက် အကျိုးမြတ် တစ်ဝက်ကျော်ကျန်တယ်လေ ၊အရက် ၁၀ လုံးရောင်းရရင် ၅ လုံးလောက်က သူတို့ခိုးယူလာတဲ့ အရက်တွေ ၊ ပြီးတော့ ရတဲ့အမြတ်ကို သူတို့အချင်းချင်း ခွဲယူကြတယ် ၊ အပေးအယူမျှကြတော့ အားလုံးက သိုသိုသိပ်သိပ်နဲ့ ဖုံးဖိထားကြလို့ ဒီကိစ္စကို အပြင်လူတွေ မရိပ်မိလိုက်ဘူး ၊ ဘာလို့ဆို မန်နေဂျာကိုယ်တိုင်က ခုလို လုပ်နေလို့ ''

ဖုန်းထဲမှာ ရှိနေတဲ့ပုံတွေကို သက်သေနှင့်တကွ ချပြလိုက်တော့ အနှိုင်းမဲ့ နောက်တစ်ခါပြန်မေးစရာ မလိုတဲ့အထိ နားလည်သွားသည် ။ သူ လုံးဝ မထင်ထားတာက သူ့ဝန်ထမ်းတွေထဲ ဒီလို အကျင့်ပျက်တဲ့သူတွေ ပါလာလိမ့်မယ်ဆိုတာဘဲ ။ ပြီးတော့ ဒီကောင်လေး က တစ်ပတ်အတွင်း ဒါကို ထုတ်ဖော်နိုင်ခဲ့တယ် ။ ချီးကျူးရမလား.... အသက်နဲ့ လုပ်ရည်ကိုင်ရည်က မမျှလို့ သူကဘဲ ပြန်သတိထားရမလား မသိတော့ ။

" Ok........ ရပြီ ၊ ကျန်တာ ငါကြည့်လုပ်လိုက်မယ် ၊ အခု မင်း ငါ့ဆီက ဘာလိုချင်လဲပြော အကုန်ဖြစ်စေရမယ် ''

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now