ep 12

18.6K 1.9K 261
                                    


'' မုန်း ............... ဒါက ကုမ္ပဏီအ၀ မှာနော် ''

သူ့ရဲ့သတိပေးစကားကို မုန်း နားဝင်ဟန်မတူ ၊ တအိအိနဲ့သာ ရိုက်ငိုတုန်း ။ နောက်ဆုံးမတတ်သာစွာဘဲ အနှိုင်းမဲ့ သူရဲ့ ကုတ်အင်္ကျီကို ချွတ်ကာ မုန်း၏ ခေါင်းကနေ ခြုံလွှားထားပေးလိုက်သည် ။ အကာအကွယ်တွေ့သွားသော မုန်းသည် ခုမှပိုဆိုးလာပြီး အင်္ကျီလက်နဲ့ သူ့ရဲ့ မျက်ရည်တွေကို သုတ်လိုက်သေးသည် ။ သူထင်တာတော့ မျက်ရည်ပဲ မကလောက်ဘူး နှာရည်တွေပါ ရောသုတ်နေလောက်တယ် ။ ရှိပါစေတော့ အင်္ကျီတစ်ထည်က ဒီလောက်အဖိုးမတန်ပါဘူး ။ ဒါပေမယ့် ဒီကုတ်အင်္ကျီက ဒီဇိုင်နာ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ကုတ် ။ နှမြောမိပေမယ့်လည်း .. အိန်း.........ဒါလည်း ရှိပါစေတော့ ။

ငိုတဲ့သူက မရှက်ပေမယ့် သူတော့ ရှက်လာပြီ ၊ ကွက်တိကွက်ကြားဖြတ်သွားသော ၀န်ထမ်းတစ်ချို့က ပေါ်တင်ကြည့်မသွားသော်လည်း ခိုးကြောင်ခိုးဝှက်ကြည့်သွားကြ၍ သူနေရထိုင်ရခက်လာလေသည် ။

'' မုန်း .......... မင်း ထပ်ငိုဦးမယ်ဆိုရင် မင်းကို ဒီမှာပဲ ချန်ထားခဲ့မှာနော် ၊ မငိုရဘူး တိတ် ... ဒါ ကုမ္ပဏီဆိုတာလည်း သတိရဦး ၊ မင်းကို လူတွေက မသိလို့ မင်းမရှက်ပေမယ့် ငါက ဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌနော် ၊ ငါ့ သိက္ခာကို နည်းနည်းတော့ ထောက်သင့်တယ် ''

သူနည်းနည်းငေါက်လိုက်မှဘဲ အင်္ကျီကြားထဲက ခေါင်းဝှက်ထားသော ကောင်ဆိုးလေးသည် သူ့ကို အသနားခံသော မျက်လုံးလေးနဲ့ မော့ကြည့်ကာ မျက်ရည်တွေကို သုတ်လိုက်သည် ။ မုန်း အရမ်းကို ပျော်နေမိသည် ။ အရင်တုံးက စေ့စေ့ပင်မကြည့်ရဲသော သခင်လေးကို ခုလို ရင်ခွင်ထဲ တိုးဝှေ့ပြီး ငိုခွင့်ရှိလာလိမ့်မယ်လို့မှ မထင်ခဲ့တာ ။

'' နောက်တစ်ခါ မောင်းမထုတ်ဘူးလို့ ကတိပေးရင် မငိုဘူး ''

'' မင်းက ပြန်အကျပ်ကိုင်တယ်ပေါ့ .........။ ကောင်းပြီ ကောင်းပြီ နောက်တစ်ခါ ဘယ်သူဘာပြောပြော မင်းကို မနှင်ထုတ်တော့ဘူး ၊ အခုအငိုတိတ်လို့ ရပြီ ။ ငါ့ ရုံးခန်းထဲ လိုက်ခဲ့ ၊ ဟိုရောက်မှခြေဆောင့်ပြီး ငိုလည်းရတယ် ''

'' တကယ် ............''

ရှိသမျှသွား အကုန်ပေါ်တဲ့အထိ ပြုံးလိုက်သော မုန်းသည် မြင်ရသူ အဖို့ အသည်းယားစရာ ။ ဒီကောင်လေး မွေးကတည်းက လူတွေကို ပြုစားဖို့များ မွေးဖွားလာတာလား မသိ ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now