ep 13

17.3K 1.8K 328
                                    

'' ကဲ ခုတော့ ဘယ်နှယ့်ရှိစ ၊ မုန်း ပေါက်ကရတွေပြောနေတယ်လို့ ထင်တုန်းပဲလား ''

မုန်း၏ ခနဲ့တဲ့တဲ့ အသံသည် အနှိုင်းမဲ့အတွက် ရယ်စရာတစ်ခုလို ။ သို့သော် သူနဲ့ ရန်မဖြစ်အားသေးဘူး ၊ ဒီကိစ္စအရင်ရှင်းရမယ် ။

'' အကြီးအကဲနဲ့ သဘောတူညီချက်ရပြီး သေချာတယ်ဆိုမှ ကျွန်တော်ဒီကိုလာခဲ့တာပါ ၊ အကြီးအကဲက ကျန်းမာရေးမကောင်းလို့ ထွက်မတွေ့နိုင်တာကိုလည်း ကျွန်တော် နားလည်ပါတယ် ။ ဒါပေမယ့် ကျွန်တော်လည်း လုပ်ငန်းရှင်တစ်ယောက်ပါ ၊ ကျွန်တော့်ရဲ့ အချိန်တွေ ပေးထားပြီး ဘာမှဖြစ်မလာဘူးဆို ဒါ ကျွန်တော့်အတွက် နစ်နာပါတယ် ၊ အကြီးအကဲ ကို နာရီဝက်ပဲ အချိန်ပေးပါလို့ ၊ အကြီးအကဲကို မတွေ့ရမခြင်း ကျွန်တော် ဒီက ပြန်မှာမဟုတ်ဘူးဆိုတာ ပြောပေးပါ ''

သခင်လေးကို ကြည့်ပြီး မုန်း မသက်မသာနဲ့ သက်ပြင်းချလိုက်သည် ။ သခင်လေး သိမှာ မဟုတ်ဘူး ၊ အကြီးအကဲဟာ တော်တော်နဲ့ထွက်မတွေ့ဘူးဆိုတာ ။ ဒါပေမယ့် သူ့မှာလည်း နည်းမရှိဘူး ၊ နည်းရှိလည်း မပေးဘူး။ အပြန်နောက်ကျရင် မိုးသည်းတာကို အကြောင်းပြပြီး ဒီမှာ တစ်ရက်အိပ်ခဲ့ဖို့ စီစဉ်ထားပြီးသား ။

နောက်ဆုံး ခြံကြီးထဲမှာပင် နှစ်ယောက်သားနေပူပူနဲ့ စောင့်နေရသည်။ ခုမှ နေ့လည်ပဲ ရှိသေးတာ မိုးချုပ်ဖို့က အဝေးကြီးလိုသေးတယ် ။ သူ့ခန့်မှန်းချက်အရ အကြီးအကဲ က ည ငါးနာရီလောက်မှ ထွက်တွေ့မယ့် ကိန်း ။

နေကလည်း တဖြည်းဖြည်းပူလာ၍ သခင်လေး တစ်ယောက် နေရထိုင်ရခက်လာဟန် တူသည် ။ ခြံထဲမှာ သစ်ပင်အရိပ်တွေ ရှိတယ်ဆိုရင်တောင် air con ခန်းထဲက မထွက်တဲ့ သခင်လေးအတွက် ဒီက လေတွက ပူနေလောက်မည် ။ မကူညီဘူး လုပ်ထားပေမယ့် နောက်ဆုံး သခင်လေးကို မကြည့်ရက်တော့၍

'' သခင်လေး ............. သိပ်လည်း စိတ်မပူပါနဲ့ ၊ မုန်းတစ်ယောက်လုံးပါတာကို ''

စိတ်ညစ်နေသည့်ချိန်တွင် ဒီကလေးဆီက အားပေးစကားပြန်ကြားရတော့ သူ့ကိုယ်သူ ပြန်ရယ်နေမိသည် ။ အေ့လေ ဒီကလေးက တခြားနေရာ အသုံးမကျရင်တောင်မှ အနည်းဆုံးတော့ သူမပျင်းရအောင် အဖော်လုပ်ပေးပါသေးတယ် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now