ep -14

17K 1.8K 351
                                    

မုန်း ကော်ဖီဆိုင်မှာ ကော်ဖီသောက်နေရင်း ဂိမ်းဆော့နေစဉ် လူတစ်ဦးသည် သူရှေ့ ကော်ဖီ နောက်တစ်ခွက် လာချပေးပြီး သူ့မျက်မှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်လေသည် ။

'' ငါ မင်းနဲ့ သူငယ်ချင်း လုပ်လို့ ရမလား............ ''

ယောကျာင်္းသံ တစ်သံထွက်ပေါ်လာတော့ မုန်းထိုသူကို မော်ကြည့်လိုက်သည် ။ သူ့ပုံစံကြည့်ရတာ မုန်းနဲ့ အသက်တူတူလောက်ပဲ ရှိမယ်ထင်မိ ။ မုန်း ထိုသူကို ပြုံးပြလိုက်ရင်း ဂိမ်းကို အဆုံးသတ်လိုက်သည် ။

'' ရပြီ ...........၊ မင်း ကဘယ်သူလဲ ၊ ဘာလို့ ငါနဲ့ သူငယ်ချင်း ဖြစ်ချင်ရတာလဲ ''

'' မင်းကို မနက်တိုင်း ဒီနားမှာ ကော်ဖီ လာလာသောက်နေတတ်တာကို သတိထားမိနေလို့ ၊ မင်းက စိတ်ဝင်စားဖို့ကောင်းတယ် ၊ ဒါကြောင့် ငါတို့ သူငယ်ချင်းလုပ်ရအောင် ''

မုန်း ချက်ချင်းပြန်မဖြေသေးဘဲ ထိုသူကို တစ်ချက်အကဲခတ်ကြည့်လိုက်သည် ။ အရင်တုန်းက သူ့မှာ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း ဆိုတာမျိုး မရှိခဲ့ဖူး ။ သူသည် သခင်လေး၏ အမိန့်ကို နာခံပြီး သခင်လေးနောက်ကိုသာ လိုက်ခဲ့သည်မို့ သူငယ်ချင်းမရှိခဲ့ဖူးတာ မဆန်း ။ ဒီကောင်လေးကို ဒီမတိုင်ခင်က တစ်ခါမှ မတွေ့ဖူးသောကြောင့် ဒီကောင်လေးရဲ့အကျင့်စရိုက်ကိုလည်း သူမသိ ။ သို့သော် ရိုးသားပုံပေါ်၍

'' ဘာလို့ ငါနဲ့ သူငယ်ချင်း ဖြစ်ချင်ရတာလဲ ၊ ငါ့မှာ ကောင်းတဲ့အကွက်လည်း ဘာမှ မရှိဘဲ''

'' မင်းက ရုပ်ချောပြီး ဂျစ်ကန်ကန်လေးလေ ၊ ဒါက ဆွဲဆောင်မှုတစ်မျိုးထင်တယ် ၊ လွန်ခဲ့တဲ့ တစ်ပတ် ငါဒီဆိုင်မှာ ကော်ဖီလာသောက်ကတည်းက သတိထားမိနေတာ ၊ ဒီနေ့နဲ့ဆို ခြောက်ရက်မြောက်နေ့ပဲ ၊ မင်းက ဂိမ်းဆော့တယ် ကော်ဖီသောက်တယ် ၊တစ်ခါတလေ မုန့်တွေ အများကြီးမှာစားတယ် ပြီးရင် ထပြန်တယ် ၊မင်းပုံစံကြည့်ရတာ လုံးဝ လွပ်လပ်တယ် ၊ ဘေးကနေကြည့်ရင်တောင် မင်းဆီက ဓာတ်တွေက ငါ့ကို ကူးစက်ပြီး ငါကိုယ်တိုင်တောင် လွတ်လပ်ပေါ့ပါးသွားသလိုပဲ ''

'' မင်းဟာက ထူးဆန်းလိုက်တာ ၊ ငါ့ကို သေချာကြည့် ၊ ငါက မိန်းမတစ်ယောက်မဟုတ်ဘူးနော် ၊ မင်းစကားပြောတဲ့ပုံက ရည်းစားစကားပြောနေတဲ့ပုံမျိုး ''

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now