ep 15

16.9K 1.7K 285
                                    

မိုက်ခ် ဆိုသည့် လူသည် ဘယ်အရပ် ဘယ်ဇာတိကမှန်း မသိသော်လည်း မုန်း၏ ရှေ့တွင် မကြာခဏဆိုသလို ပေါ်လာတတ်သည် ။ သူနဲ့ မုန်းက အသက်တူပင်ဆိုသော်ညား မုန်းလို တဇွတ်ထိုးမဆန်ဘဲ လုပ်ရဲကိုင်ရဲရှိပြီး စမတ်ကျကျနေတတ်သည့်သူမျိုး ။ အစကတော့ မုန်းအနေနဲ့ သာမာန်ကာလျှံမျှ ခင်သော်လည်း တဖြေးဖြေးရင်းနှီးတာကြာလာလေ သူငယ်ချင်းတစ်ယောက်လို ခင်မင်ရင်းနှီးလာလေဖြစ်သည် ။ မိုက်ခ် သည် မုန်းအတွက်ဆို ဘယ်ချိန်ဖြစ်ဖြစ်အသင့်ရှိနေသည့်သူမျိုး ၊ မုန်းကခေါ်လိုက်ရင် ရောက်ရာအရပ်က ပြေးလာသည့်သူမျိုး ။

ခုလည်း ကုမ္ပဏီအောက်ထပ်က စားသောက်ဆိုင်မှာ ကော်ဖီသောက်ရင်း မုန်းအလာကို စောင့်နေလေသည် ။ ထိုနေ့ မုန်းသည် သခင်လေးနဲ့ ယှဉ်တွဲလာပြီးနောက် ထောင့်ဆုံးက သူတို့ထိုင်နေကြနေရာမှာ မိုက်ခ်ကို မြင်မိတော့ မုန်းကအရင် လက်ပြနူတ်ဆက်လိုက်သည် ။

'' ဟေး.......... မင်းစောင့်နေတာကြာပြီလား ''

'' မင်းကိုစောင့်ရတာ ကြာတယ်လို့မရှိပါဘူး၊ မင်းလာမယ်ဆိုရင် ငါက ဘယ်လောက်ကြာကြာ ဒီနေရာက လုံးဝ မရွေ့ဘဲစောင့်နေမှာ ''

မိုက်ခ် သည် ကြည်လင်စွာပြုံးပြီး ယဉ်ကျေးညင်သာစွာ တုန့်ပြန်လေတော့ မုန်းပင် နည်းနည်းကျောချမ်းသွားသည် ။

ဒီကောင် စကားပြောပုံကိုက လူတွေ အထင်လွဲချင်စရာဖြစ်အောင်လို့... ။

အနှိုင်းမဲ့သည် မိုက်ခ်ကို ခြေဆုံးခေါင်းဆုံးတစ်ချက် အကဲခတ်ကြည့်ကာ မနှစ်သက်ချင်စရာ အနံ့အသက်မျိုးကို ရနေ၍ ဒီနေရာမှာ ဆက်မနေလိုသောကြောင့်

'' ငါ ရုံးခန်းထဲ သွားနှင့်မယ် ၊ အားအားနေ ဂိမ်ဆော့မနေနဲ့ ၊ ၁ နာရီအတွင်း လိုက်လာခဲ့ ''

'' ဟုတ်ကဲ့ သခင်လေး ''

သခင်လေးသည် နဂိုတည်းက လူမှုဆက်ဆံရေးကောင်းမွန်သူမဟုတ်လို့ ခုလို မိုက်ခ်နဲ့ သူ့ကို နားမလည်ပေးနိုင်ခြင်းဟုသာ မုန်းက မှတ်ယူပြီး သခင်လေးကို နားလည်မှုပေးလိုက်သည် ။ သခင်လေး ထွက်သွားတာကိုကြည့်ပြီး မိုက်ခ်က သူ့ကို မေးလိုက်သည် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now