ep -17

16.5K 1.6K 229
                                    

အနှိုင်းမဲ့သည် ကုမ္ပဏီ၏ မနီးမဝေးက စားသောက်ဆိုင်မှာ ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးနဲ့ နေ့လည်စာ တူတူစားရင်း သာကြောင်းမာကြောင်းပြောပြီး စီးပွားရေးနဲ့ ပတ်သက်တာတွေကိုဆွေးနွေးနေခဲ့သည် ။ သူ့မှာ နဂိုတည်းက မိတ်ဆွေများများစားစား မရှိဘဲ စီးပွားရေးပါတနာများသာ ရှိလေတော့ ဒီနေ့ ကျောင်းနေဖက်သူငယ်ချင်းဟောင်းဖြစ်သူ မိုးဝေ နှင့် စကားတွေ အများကြီး ပြောဖြစ်လေသည် ။

'' ငါ မင်းကို မိတ်ဆက်ပေးရမယ့်သူ ရှိတယ် ၊ ငါ့ရဲ့ညီလေးပေါ့ ၊ဟော ပြောရင်းဆိုရင်း လာပြီ ''

မိုးဝေ ပြောတဲ့ သူ့ရဲ့ ညီလေးဆိုသူသည် သူတို့စားပွဲဝိုင်းသို့ တန်းတန်းလျှောက်လာပြီး အနှိုင်းမဲ့ကို ယဉ်ကျေးညင်သာစွာပင် နူတ်ဆက်လိုက်လေသည် ။

'' ဆောရီး... ကျွန်တော် နည်းနည်းနောက်ကျသွားတယ် ''

ထိုအသံ ထိုမျက်နှာကို အနှိုင်းမဲ့ကောင်းစွာမှတ်မိနေ၍ ၀တ်ကျေတန်းကျေ ပြန်နူတ်ဆက်လိုက်လေသည် ။

'' မင်းကိုး ....... ရပါတယ် မသိတဲ့သူတွေမှ မဟုတ်တာ ''

'' ဟာ ....... မင်းတို့နှစ်ယောက်အစတည်းက သိနှင့်နေကြတာလား ၊ ဒါဆို ငါမိတ်ဆက်ပေးတာတောင်နောက်ကျနေသေးတယ်ပေါ့ ''

မိုးဝေ က အံသြတကြီးထပြောတော့ မိုက်ခ်က ရှိုးတိုးရှန့်တန့်ပုံစံနဲ့ ပြုံးလေသည် ။

'' ညီတို့ နှစ်ခါလောက်ဆုံဖူးတယ်လေ ၊ ဒီအကိုက အရမ်းကြည့်ကောင်းလို့ ညီက မှတ်မိနေတာ ''

'' ဒါဆို အကိုမိတ်ဆက်ပေးဖို့ လွယ်သွားပြီပေါ့ ၊ သူက အကိုကျောင်းတုန်းက ကျောင်းနေဖက်လေ ၊ ပြီးတော့ Noya Group ရဲ့ ဥက္ကဋ္ဌပေါ့ ၊ သူ့အကြောင်းပြောရင်တော့ ကုန်မှာမဟုတ်ဘူး ၊ ဘုန်း သူက ငါ့ရဲ့ တစ်ဦးတည်းသော ညီလေး၊ နာမည်က မိုက်ခ် ''

အနှိုင်းမဲ့သည် လူကြီးလူကောင်းဆန်စွာပင် ပြုံးပြနှုတ်ဆက်လိုက်သည် ။

''တွေ့ရတာဝမ်းသာပါတယ် မိုက်ခ် ။ မိုးဝေမှာ ညီလေးရှိမှန်း ကြားဖူးပေမယ့် မင်းဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး ''

'' ဟီး .......... တိုက်ဆိုင်သွားတာပါ ၊ ကျွန်တော်နောက်ခါ အကို့ ရုံးခန်းကို လာလည်လို့ရလား ဟင် ''

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now