Part 21

2.5K 181 32
                                    

ကျွန်တော့်စိတ်တွေဘယ်လိုဖြစ်သွားလဲစဉ်းစားမရဘူး
အခုခံစားနေရတာကတော့ Pete ရဲ့နှုတ်ခမ်းချိုချိုလေးတွေက
နေမခွာချင်တော့တာပဲသိလို့ ဘာကိုမှမစဉ်းစားနိုင်ဘဲသူ့ကို
ဆက်နမ်းလိုက်မိတယ် အထိအတွေ့လေးကချိုလွန်းတယ်
Pete ရဲ့နှုတ်ခမ်းကနေသူ့ရဲ့ဖြူဥနေတဲ့ပါးလေးနဲ့ လည်ပင်းထိ
ပါအဆက်မပြတ်နမ်းလိုက်မိတယ် ဒါပေမယ့် ကျွန်တော်အသိစိတ်ပြန်ဝင်လာတော့ ကိုယ့်ကိုကိုယ်ဘာလုပ်နေမိမှန်းမသိလိုက်ဘူး
Ae : Pete တောင်းပန်ပါတယ်
Ae က Pete ကိုထားပြီးလှည့်ထွက်သွားတယ်
Pete : Ae ခဏနေပါဦး Ae
Pete က Ae နောက်ကိုလိုက်ရင်းနဲ့ချော်လဲသွားတော့ Ae က Pete ဆီပြန်ပြေးလာခဲ့တယ်
Ae : မင်းရရဲ့လား
Ae က Pete ကိုထူပေးလိုက်ပေမယ့် Pete ခြေထောက်ကနာနေတုန်းပါပဲ Ae ချက်ချင်းပဲသူတို့စတွေ့ခဲ့တုန်းကပုံရိပ်တွေကိုပြန်မြင်ယောင်မိတယ်
Pete : ရပါတယ် ကျွန်တော်ဖြေးဖြေးချင်းလျှောက်လိုက်ပါမယ်
Ae : ဒီလိုပုံနဲ့မင်းဘယ်လိုလမ်းလျှောက်မလဲ
Ae က Pete ရဲ့ရှေ့မှာဒူးထောက်ပြီးထိုင်ချလိုက်တယ်
Ae : တက်လိုက် ငါ့ကျောပေါ်
Pete : Ae ရပါတယ် ကျွန်တော်ဘာသာ
Ae : မင်းစကားတော်တော်များတာပဲ တက်ဆိုတက်လိုက်ပေါ့
အရင်ထဲက Ae စကားဆို Pete ကမလွန်ဆန်နိုင်ပါဘူး Ae
ရဲ့ပခုံးကိုဖက်လိုက်ပြီး Ae ကျောပေါ်တက်လိုက်တယ်
Pete : ကျေးဇူးပါပဲ Ae
Ae : မင်းကိုယ်ကပေါ့ပေါ့လေးပဲ
Pete က Ae ရဲ့ပခုံးလေးကိုတင်းနေအောင်ဖက်ထားလိုက်
ပြီးသူ့မေးလေးကို Ae ပခုံးပေါ်တင်ထားလိုက်တယ်
......... အရင်အချိန်တွေကိုပြန်ရောက်သွားသလိုပါပဲ Ae ရဲ့နွေးထွေးတဲ့အချစ်တွေကိုပြန်ခံစားမိတယ် Locker ခန်းထဲမှာနမ်းခဲ့တဲ့အတိုင်းအနမ်းချိုချိုလေးတွေကိုပြန်ရလိုက်သလိုပါပဲ .............
Ae :ခုနက ငါလွန်သွားတာတောင်းပန်ပါတယ်
Pete : ကျွန်တော်နမ်းလိုက်မိတဲ့အတွက်ပဲ တောင်းပန်ရမှာပါ
Ae ကဘာအမှားမှမလုပ်ထားပါဘူး
Ae : ငါနည်းနည်းသောက်ထားမိလို့ထင်တယ် ငါ့စိတ်တွေရှုပ်
ထွေးသွားတယ်
Pete : ကျွန်တော့်ကိုနမ်းလိုက်တော့ ဘယ်လိုခံစားရလဲ
Ae : ငါမပြောတော့ပါဘူး ဒါပေမယ့် ငါအရင်ကပျောက်နေတဲ့
အရာတစ်ခုကိုပြန်ရလိုက်သလိုပဲ ရင်ခုန်မိတယ်
Pete : Ae ဟိုနားကထိုင်ခုံမှာထိုင်ပြီးခဏနားရအောင် ခဏ
လေးပါ Ae ကိုပြစရာရှိတယ်
Ae က Pete ကိုထိုင်ခုံပေါ်မှာထိုင်ခိုင်းလိုက်တယ် Pete က
သူ့လည်ပင်းကကြိုးလေးကိုဖြုတ်ပြီးတော့ Ae ကိုပြလိုက်
တယ် လည်ဆွဲအလယ်မှာချိတ်ဆွဲထားတာကသူတို့ရဲ့ဆင်တူ
လက်စွပ်လေး
Pete : ခုနကငိုမိတာက Ae အခုထိအဲ့လက်စွပ်လေးကိုဝတ်
ထားတာအရမ်းပျော်လွန်းလို့ ဝမ်းလည်းနည်းမိတယ်
Ae ကျွန်တော့်ကိုမမှတ်မိတာကို
လက်စွပ်ကဆင်တူဖြစ်နေတာကို Ae အံ့သြပြီးသေချာ
ကြည့်နေမိတယ်
Ae : ဘာတွေဖြစ်ကုန်တာလဲ
Pete : ဒီလိုမျိုးကမ်းခြေလေးမှာပဲ Ae ကျွန်တော့်ကိုလက်ထပ်
ခွင့်တောင်းခဲ့တယ် ဒါလေးကလည်း Ae ကိုယ်တိုင်ပဲ
ဝတ်ပေးခဲ့တာ
Ae : ငါမမှတ်မိဘူး ပြီးတော့ ငါကလိင်တူချင်းကြိုက်ခဲ့တယ်ဆို
တာမယုံနိုင်ဘူး
Pete က Ae ရဲ့လက်ကိုဆုပ်ကိုင်ခဲ့တယ်
Pete : Ae ကျွန်တော်တို့ချစ်တာရိုးရိုးလေးပဲလေ Ae အရမ်း
ပင်ပန်းနေလို့ထပ်ပြီးစွန့်လွှတ်ဖို့စဉ်းစားခဲ့သေးတယ် ဒါ
ပေမယ့် ကျွန်တော် Ae ကိုအရမ်းချစ်တယ် ထပ်ပြီးမစွန့်
လွှတ်နိုင်ဘူး Ae ရဲ့မှတ်ညဏ်တွေကိုရှာဖို့ကျွန်တော်
ကူညီပါရစေ
Ae : သွားကြရအောင် နောက်ကျနေပြီ
Ae ကိုကြည့်ရတာအရမ်းစိတ်ပင်ပန်းနေတဲ့ပုံပါပဲ သူဘယ်
သူ့ကိုယုံရမလဲဆိုတာစဉ်းစားနေတာဖြစ်မယ် စောင့်နိုင်ပါ
တယ် Ae ရယ် Ae ပြန်ချစ်လာမယ့်အထိစောင့်မှာပါ အခု
တောင် Ae မသိစိတ်ကကျွန်တော့်ကိုအရမ်းချစ်တယ်ဆိုတာနားလည်လိုက်ပါပြီ
     မနက်မိုးလင်းတော့ အားလုံးမနက်စာအတူစုစားကြတယ်
Tin : ညကငါတရေးနိုးတော့ Ae နဲ့ Pete ကိုမတွေ့သလိုပဲ
    Ae ရေသောက်နေရင်းနဲ့ရုတ်တရက်သီးသွားတယ်
Mile : P ရရဲ့လား ရေသီးသွားတာပဲ
   Pete ရဲ့ရှက်ကိုးရှက်ကန်းအပြုံးလေးကို Tin မြင်လိုက်တာနဲ့သတိထားမိပုံပါပဲ
Tin : Ae ညကဘယ်သွားတာလဲ
Ae : ငါ ငါ ညကရှိပါတယ် မင်းမတွေ့တာဖြစ်မယ်
Tin : ဟုတ်လား အင်းလေ ငါပဲမှားတာဖြစ်မှာပါ ဒါနဲ့ Pete
       မင်းခြေထောက်ကဘာဖြစ်တာလဲ
Pete : ငါသတိမထားမိဘဲချော်လဲသွားလို့ပါ
Mile : Mile အခန်းအရင်ပြန်နှင့်မယ်
      Mile စိတ်ဆိုးပြီးထသွားတာကို Ae သတိထားမိတော့ထ
ပြီးလိုက်သွားလိုက်တယ်
Ae : Mile
Mile : စားလို့မပြီးသေးဘဲဘာလို့လိုက်လာတာလဲ
Ae : Mile စိတ်ဆိုးသွားတယ်ထင်လို့ပါ
Mile : ဘာလို့ဆိုးရမှာလဲ ဗိုက်သိပ်မဆာလို့ပါ Mile ရေချိုးမ
         လို့ P ရှိနေတော့
Ae : sorry အပြင်မှာစောင့်နေမယ်
  Ae ထွက်သွားတော့ Mile ကအံကြိတ်ပြီးလက်သီးကိုကျစ်
နေအောင်ဆုပ်ထားလိုက်တယ်
CH : Ae တစ်ခုလောက်ကူညီပါလား Pete ကိုဆေးခန်းပို့ပေး
       ပါလား
Pete : ငါအဆင်ပြေပါတယ် မနာတော့ပါဘူး
Can : မင်းခြေထောက်တစ်ခုခုဖြစ်သွားနိုင်တယ်လေ ပြရမှာ
        ပေါ့ သွားပါ Ae သေချာပြလိုက်နော်
Pond : Ae Ae နဲ့ pete ဘယ်သွားတာလဲ
CH : ဆေးခန်းလိုက်ပို့ခိုင်းတာ ဘာဖြစ်လဲ
Pond : ခဏနေလေဆိပ်သွားရမှာလေ
Tin : ဟုတ်သားပဲ ငါတို့မေ့သွားတယ် ရပါတယ် သူတို့မနက်
       Flight နဲ့ပြန်လာလို့ရတာပဲကို
Mile : အခုဘာပြောလိုက်တာလဲ ရတယ် Mile နေခဲ့ပြီးစောင့်
           နေလိုက်မယ်
  Tin က Mile အနားကိုကပ်ပြီးတိုးတိုးလေးပြောလိုက်တယ်
Tin : မင်းအကြောင်းကိုအသိဆုံးကငါနော် ဒုက္ခရောက်မသွား
        ချင်ရင်အေးဆေးပြန်လိုက်ခဲ့ Mile
   Ae တို့ဆေးခန်းကထွက်လာတော့ Pete ဆီကိုဖုန်းဝင်လာတယ် တစ်ပြိုင်ထဲ Ae ဆီကိုလည်းဖုန်းဝင်လာတယ်
Ae / Pete : ဘာ
သူတို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ပြန်
ကြည့်လိုက်တယ်
Ae : ငါတို့မနက်မှပြန်ရတော့မယ် လာလေ
Pete : ဟုတ်ကဲ့ Ae
   အခန်းတစ်ခန်းလုံးမှာသူတို့နှစ်ယောက်ကလွဲပြီးဘယ်သူမှမရှိတော့ဘူး
Ae : ငါရေချိုးလိုက်ဦးမယ်
Pete :ဟုတ် Ae
  Tin တို့ကိုစိတ်တိုမိပေမယ့်လည်း ပျော်တော့ပျော်မိတယ် Ae နဲ့တစ်ညလုံးအတူရှိနေမှာမို့လို့လေ ဒီလိုမျိုးလေးအတူမရှိခဲ့တာကြာခဲ့ပြီလေ
  Ae လည်းရေချိုးခန်းထဲရောက်တော့ရေချက်ချင်းမချိုးနိုင်ဘူး
ယောကျာ်းလေးနှစ်ယောက်တစ်ခန်းထဲမှာအိပ်ရတာကို သူ
ဘာလို့စိတ်လှုပ်ရှားနေလဲနားမလည်နိုင်ဘူး ညက Pete ကို
နမ်းခဲ့မိတာကိုပဲသူပြန်ပြန်ပြီးမြင်ယောင်နေမိတယ်
   Pete လည်းရေချိုးခန်းထဲကထွက်လာတော့ Ae ကတီဗီ
ကြည့်နေတယ် ရုတ်တရက်တံခါးခေါက်သံကြားတော့ Ae က
တံခါးထဖွင့်လိုက်တယ်
W  : မင်္ဂလာပါ ဒီအခန်းအတွက် Can ဆိုတဲ့ဧည့်သည်ကဝိုင်
       မှာပေးခဲ့လို့ပါ
Ae : Tin နဲ့ Can ကတော့ ကျေးဇူးပါ
   Ae ကဝိုင်ပုလင်းကိုယူလာပြီး Pete အတွက်တစ်ခွက်ငှဲ့ပေးလိုက်တယ် သူလည်းတစ်ခွက်သောက်လိုက်တယ် စိတ်လှုပ်
ရှားနေလို့ဘယ်ကဘယ်လိုစပြောရမလဲမသိဘူး
Ae : မင်းမကြိုက်ရင်ငါလိုင်းပြောင်းလိုက်မယ်
Pete : ရပါတယ် Ae
Ae ကလိုင်းပြောင်းလိုက်တော့ Line TV ကနေ BL serie တစ်ကားရဲ့ Kiss sence တစ်ခုကပြနေတယ်
Ae ကရီလိုက်ပြီးတော့
Ae : နောက်တစ်လိုင်းပြောင်းလိုက်မယ်
    နောက်တစ်လိုင်းကလည်းကိုးရီးယားအချစ်ကားတစ်ခုလာနေတော့ Ae ကတီဗီကိုပိတ်လိုက်တယ်
Ae : ဘာလို့ဒါတွေပဲလာနေတာလည်းမသိဘူး ပူလိုက်တာ
        ဘာလို့ပူနေလဲမသိဘူး
   Pete က Ae ကိုပဲကြည့်နေမိတယ်
Pete : Ae အဲယားကွန်းဖွင့်ပေးမယ်လေ
   Pete က Ae ဘေးကခလုတ်ကိုလှမ်းယူလိုက်တော့ Ae နဲ့ Pete ရဲ့မျက်နှာကတစ်လက်မအကွာလောက်ပဲရှိတော့အောင်ကိုနီးကပ်သွားတယ် Pete က Ae ကိုပြုံးပြီးကြည့်လိုက်တယ်
Pete ရဲ့အပြုံးကို Ae မလွန်ဆန်နိုင်တော့ဘူး Pete ကို Ae ကအိပ်ရာပေါ်တွန်းချလိုက်တယ် pete ရဲ့လက်နှစ်ဖက်လုံးကို Ae ကဆုပ်ကိုင်ထားလိုက်တော့ Pete မရုန်းနိုင်ဘဲငြိမ်သက်နေတယ် Pete ရဲ့ဆံသားလေးတွေနဲ့ ခန္ဓာကိုယ်ကအနံ့လေးကမွှေးလွန်းတော့ Ae စိတ်ကိုပိုမထိန်းချုပ်နိုင်တော့ဘူး
Ae : ဘာလို့ငါဒီလိုဖြစ်နေလဲမသိဘူး ငါ့စိတ်ကိုလုံးဝထိန်းမရ
        တော့ဘူး Pete ငါမင်းကိုအရင်ကအရမ်းချစ်ခဲ့မိလား
Pete : Ae အရမ်းချစ်တာပါ ဒီလိုအထိအတွေ့နဲ့အနမ်းလေး
          တွေကို Ae အမြဲပေးနေကြပါ
Ae : ငါဘာမှမမှတ်မိနိုင်တဲ့အတွက်တောင်းပန်ပါတယ် ဒါပေ
        မယ့် ဒီညတော့မင်းအတွက်ငါယောကျာ်းဆန်ချင်မိတယ်
        ငါ့စိတ်ကိုထိန်းမရတော့ဘူး
Pete : Ae ကိုမတားပါဘူး ဒီလိုအထိအတွေ့လေးကိုလည်း
           ပြန်လိုချင်လွန်းခဲ့တာပါ
  Pete က Ae ကိုထပ်ပြီးပြုံးပြလိုက်တယ်
Ae : အဲ့လိုကြီးမပြုံးပါနဲ့ ငါမင်းကိုတကယ်ငြီးညူသံထွက်လာ
       အောင်နာကျင်စေချင်နေပြီ
Pete : Ae ကြိုက်သလိုလုပ်နိုင်ပါတယ်
Ae : တောင်းပန်ပါတယ် Pete
     Ae က pete ကိုဖြေးဖြေးချင်းနမ်းလိုက်ပေမယ့် တဖြည်း
ဖြည်းနဲ့ကြမ်းတမ်းလာခဲ့တယ် Ae ရဲ့လက်တစ်ဖက်က Pete လက်ကိုဆုပ်ကိုင်ထားပေမယ့် လက်တစ်ဖက်က Pete အင်္ကျီရဲ့ကြယ်သီးတွေကိုဖြုတ်လိုက်တယ် ဒါပေမယ့် သူ့ရဲ့နှုတ်ခမ်းတစ်စုံကို Pete နှုတ်ခမ်းပေါ်ကနေလုံးဝမခွာခဲ့ဘူး Pete လည်း Ae ရဲ့ T shirt ကိုဆွဲချွတ်လိုက်တယ် Ae ကဒီညမှာ Pete အတွက်အရမ်းဆွဲဆောင်မှုရှိလွန်းတယ် Pete လက်နှစ်ဖက်လုံးက Ae ရဲ့ပေါင်တွေကိုဆုပ်ကိုင်ထားလိုက်တယ်
Ae : Pete ငါမင်းကိုအရမ်းချစ်တယ်
Pete : အတူတူပါပဲ Ae ကျွန်တော်လည်းအရမ်းချစ်တယ်
   Ae က Pete ကိုဆက်ပြီးနမ်းလိုက်တယ် Pete ရဲ့ခန္ဓာကိုယ်
တစ်ခုလုံးကို Ae နမ်းရှိုက်ခဲ့တယ် နှစ်ယောက်လုံးမောဟိုက်
နေခဲ့ပေမယ့် ဒီညလေးကိုသူတို့ဘယ်တော့မှမေ့နိုင်မှာမဟုတ်
တော့ပါဘူး 💋💋💋💋💋
                       Part 21 ( the end )

love by chance season 2 ( Aepete )Hikayelerin yaşadığı yer. Şimdi keşfedin