အခန်း(၂၁) အဆင့်ကျော်တိုးတက်သွားခြင်း

1.2K 176 1
                                    

အဲဒီအချိန်​မှာပဲ နီဟန်​အန်းက မိုင်းတွင်းထဲမှာ
ရှိ​နေတဲ့ ​ကောင်းကင်​နဲ့​မြေကြီးက
ချီစွမ်းအင်​​တွေ ​ပျောက်​ကွယ်​ကုန်​တာကို
သတိထားမိလာပါတယ်​။

ဖြစ်​နိုင်​တာက သူတို့ရဲ့အဓိကရည်​ရွယ်​ချက်​က
တိရိစ္ဆာန်​အရိုးက စုပ်​ယူနိုင်​ဖို့ပဲ ဖြစ်​ပါလိမ့်​မယ်​။တိရိစ္ဆာန်​အရိုးက ပုံမှန်​ပြန်​ဖြစ်​သွားတဲ့အခါမှာ
နီယန်​ရဲ့ဝိဥာဉ်​က အဲဒီအထဲက​နေ ထွက်​လာပြီး
ချီစွမ်းအင်​​တွေလဲ ​ပျံ့နှံ့သွားပါတယ်​။

"အို့..!."

တိရိစ္ဆာန်​အရိုး​လေးကို လက်​မှာကိုင်​ထားပြီး
ပျော်​ရွှင်​​နေတဲ့ ပုံစံနဲ့ နီယန်​က​ပြောလိုက်​တယ်​။
"​ဒေါ်​လေး..ကျွန်​​တော်​..ကျွန်​​တော်​..
ချီကျင့်​စဉ်​အဆင့်​ ၆ ကို
ရောက်​သွားပြီ.!.."

"တကယ်​ပဲလား..!.."
နီဟန်​အန်းက အံအားသင့်​စွာ​မေးလိုက်​တယ်​။

နီယန်​က မျက်​လုံးကိုပိတ်​ အသက်​ကိုပြင်းပြင်း
ရှုရင်း သူ့ခန္ဓာကိုယ်​ထဲက ချီစွမ်းအင်​​တွေကို
သေချာဆန်းစစ်​​နေတယ်​။အဲဒီ​နောက်​မှာ သူက
သေချာ​ပြောလိုက်​တယ်​။
"ကျွန်​​တော်​ရဲ့ ဒန်​တမ်​နဲ့ စိတ်​ဝိဥာဉ်​ပင်​လယ်
ထဲမှာရှိ​နေတဲ့ ချီစွမ်းအင်​စုစည်းမှု​တွေက
ချီကျင့်​စဉ်​အဆင့်​ ၆ နဲ့အတူတူပဲ..!.."

"တကယ်​လား..?.​မင်း​သေချာရဲ့လား.."
နီဟန်​အန်းရဲ့မျက်​နှာ မယုံသင်္ကာဟန်
အထင်းသား​ပေါ်လာတယ်​။

နီယန်​က ​ခေါင်းငြိမ့်​ပြီး သ​ဘောတူလိုက်​တယ်​။

"အဲဒါနီကလန်​က ဘိုး​ဘေး​တွေရဲ့ အကူအညီ
ကြောင့်​ ဖြစ်​လိမ့်​မယ်​။..!.."
နီဟန်​အန်းက သူတို့ရဲ့​ဘေးက ​ကျောက်​တုံးပုံ
ကြီးကိုညွှန်​ ပြရင်း ဝမ်းသာပါးရ​ပြောလိုက်​တယ်​။
"မိုင်းတွင်းပြိုကျ​နေတဲ့အချိန်​တုန်းက ငါတို့
ရပ်​​နေတဲ့​နေရာကလွဲပြီး ​နေရာတိုင်းကို
ကျောက်​တုံး​တွေ ပြုတ်​ကျခဲ့တယ်​။ဒါနဲ့တင်
တော်​​တော်​သိသာ​နေပါပြီ။မင်းက မင်းလက်​ထဲက
တိရိစ္ဆာန်​အရိုး​လေးကို အ​ကြောင်းပြုရင်း
အလွန့်​အလွန်​အံ့သြဖို့​ကောင်းတဲ့ ချီစွမ်းအင်
တွေကို စုစည်းနိုင်​ခဲ့တာပဲ။နောက်​ဆုံး​တော့လဲ
မင်းက အဆင့်​​ကျော်​တက်​ပြီး ချီကျင့်​စဉ်​အဆင့်​ ၆ ကို ​ရောက်​သွားတယ်​။ထပ်​ပြီး
ပြောရမယ်​ဆိုရင်​​တော့ တိရိစ္ဆာန်​အရိုးမှာရှိတဲ့
ထူးခြားတဲ့​မှော်​စွမ်းအင်​​တွေ​ကြောင့်​ မင်း
အဆင့်​တက်​သွားတာက ငါတို့ဘိုး​ဘေး​တွေ
ရဲ့ ချီး​မြှောက်​မှု​ကြောင့်​ပဲ.."

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Où les histoires vivent. Découvrez maintenant