ep 26

14.2K 1.4K 138
                                    

" မုန်း အခု ဆေးရုံမှာ သခင်လေး........... ။ မုန်းအရမ်းကြောက်တာပဲ ၊ ပြီးတော့ သခင်လေးကို လိုအပ်တယ် ''

လေလှိုင်းထဲကနေပီပြင်စွာထွက်ပေါ်လာသည့် အသံသည်ဘယ်လောက်ပင် တိုးညင်းနေစေကာမူ မုန်းတစ်ခုခုဖြစ်နေမှန်းသိသာလှသည် ။အနှိုင်းမဲ့သည် ရုတ်တရက်ကြီးအသက်ရှူပင်ရပ်သွားကာ ခြေဖျားလက်ဖျားတွေအေးစက်သွားသည် ။

'' မင်း ဘာဖြစ်တာလဲ ? မင်း အခုဘယ်မှာလဲ မုန်း ?''

'' ( _______ ) ဆေးရုံမှာ ။ မုန်း အရိုက်ခံရထားလို့ ''

'' ကိုယ်အခုလာခဲ့မယ် ''

 ဧည့်သည်တွေနဲ့တွေ့ဆုံဖို့ ဟိုတယ်ရှေ့ ကိုရောက်နေပြီဖြစ်သော်လည်း မုန်းထိခိုက်ထားတယ်ဆိုတဲ့အသိကြောင့် လက်ထဲကစာရွက်စာတမ်းတွေကို သူ့အတွင်းရေးမှူးလက်ထဲအကုန်ပစ်ထည့်ပေးပြီး ဆေးရုံသို့ ဒုန်းစိုင်းမောင်းနှင်သွားလေသည် ။ အနောက်ကလိုက်ပြေးလာသော သူ့အတွင်းရေးမှူးကိုပင် အကြောင်းစုံမရှင်းပြအားတော့ ။ ဘုမသိဘမသိနှင့် ကျန်ခဲ့သော အတွင်းရေးမှူးကတော့ သူ့ကို ဒီတစ်ခေါက် စာချုပ်ချုပ်ဆိုရမယ့်ကိစ္စက အရမ်းအရေးကြီးတယ် လုံးဝမှားလို့မရဘူးနော်ဟု အကြိမ်ကြိမ်သတိပေးတဲ့ ဥက္ကဋ္ဌကိုယ်တိုင်က အရေးကြီးစာရွက်စာတမ်းတွေကို သူ့ဆီပစ်ပေးပြီး ထွက်ပြေးသွား၍ သူလုံးဝကို ကြောင်အ သွားသည် ။

မုန်း သေရလိမ့်မယ်.......
မုန်း အခု ဆေးရုံမှာ........

သူ့နားထဲမှာ ဒီစကားနှစ်လုံးက ရစ်ဝဲနေပြီး အသိစိတ်မကပ်နိုင်လောက်တဲ့အထိ စိုးရိမ်စိတ်မြင့်တက်လာသည် ။

သတ်မှတ်မိုင်နူန်းထက်မကျော်ရုံတမယ် သူကားကို အရှိန်ပြင်းစွာမောင်းနှင်သွားမိသည် ။ မိနှစ်နှစ်ဆယ်အတွင်း မုန်းပြောသည့် ဆေးရုံသို့ရောက်လာပြီမို့ ခြေလှမ်းကြဲကြီးတွေနဲ့ ဆေးရုံဝန်းထဲပြေးဝင်လာမိသည် ။

သူကိုယ်တိုင်နေမကောင်းဖြစ်လို့ဆေးရုံလာရတဲ့အချိန်တောင် ဆေးရုံအနံ့တွေကို ဒီလောက်ထိမမုန်းမိဘူး ။ အခုကျမှ ဆေးရုံကရတဲ့အနံ့အသက်တွေကိုနည်းနည်းမှ မကြိုက်မိသည့်အပြင်  ကြောက်စိတ်ပါဝင်မိသည် ။ တခြားလူတွေလိုပဲ သူ့မှာလည်းအပူနဲ့မို့ ဆေးရုံ Reception မှာ မုန်းရှိတဲ့အခန်းကို ဒေါသတကြီးအော်ဟစ်မေးမြန်းနေမိသည် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now