အပိုင်း(၇၄) သွေးအုပ်စုရဲ့ သွေးကမ္ဘာကွန်ယက်

1K 125 0
                                    

အုပ်​စု ၃ ခုကလူငယ်​​တွေအားလုံးက
လျှို့ဝှက်​ဒိုင်​မင်းရှင်းတံခါး​ပေါက်​ ကို
တိတ်​ဆိတ်​စွာ​စောင့်​​နေကြပါတယ်​။

ကံမ​ကောင်းစွာပဲ ​နောက်​ရက်​​တွေမှာ
အသက်ရှင်ေ​​နတဲ့သူ ဘယ်​သူမှ ​ရောက်​မလာ​တော့ပါဘူး။

အစိမ်း​ရောင်​ပုံရိပ်​​ယောင်​ဒိုင်​မင်းရှင်းစမ်းသပ်​မှု
ပြီးဆုံးဖို့ လဝက်​ပဲလိုပါ​တော့တယ်​။ပုံမှန်​အ​နေ
နဲ့​ပြောရမယ်​ဆိုရင်​​တော့ အခြားအသက်​ရှင်​တဲ့
သူ​တွေရှိမယ်​ဆိုရင်​ အခုချိန်​ သူတို့​ရောက်​​လာ​နေရမှာပါ။

ဘယ်​သူမှ ဘာမှမ​ပြောကြ​ပေမယ့်​ ​နောက်​ထပ်
ရောက်​မလာဘူးဆိုတာ တ​စ္ဆေအုပ်​စုနဲ့ 
သွေးအုပ်​စုရဲ့အသတ်​ခံလိုက်​ရလို့ ​ရောက်​မလာကြဘူးဆိုတာ အကုန်​လုံးသိကြပါတယ်​။

အဲဒီအချိန်​အ​တောအတွင်းမှာ နီယန်​ သူ့ရဲ့
ကျင့်​စဉ်​ကို ဆက်​ပြီး​လေ့ကျင့်​ဖို့ spirit beast
အသားများများမရခဲ့ပါဘူး။

သူ​နေ့စဉ်​ရ​နေတဲ့အသားက သူအရင်​က
ရခဲ့တဲ့ အသားရဲ့ ၁၀ ပုံ တစ်​ပုံ​တောင်
မရှိပါဘူး။အဲဒာက သူ့ရဲ့ဆာ​လောင်​မှုအတွက်
တောင်​မလုံ​လောက်​ပါဘူး။

ဟန်​ဇင်​က သူမရဲ့လက်​ထဲက spirit beast
အသားကို ကိုက်​လိုက်​ကာ နီယန်​ကို ကြည့်​လိုက်​တယ်​။
"အဲဒါ​တွေအားလုံးက နီယန်​​ကြောင့်​ပဲ..။
အ​စောပိုင်းက သူသာအများကြီးမစားခဲ့ရင်
ငါတို့အခုလို အချိုးကျစား​နေရမှာ
မဟုတ်​ဘူး။.."

စိတ်​တန်​ခိုးမြူအုပ်​စုက အခြားလူငယ်​​တွေက
လဲ spirit beast အသား​တွေကို ကင်​​နေရင်း
နီယန်​ကို လှမ်းကြည့်​လိုက်​ကြတယ်​။

ပန်​တာအို၊ဂျီအန်​လင်းရှုနဲ့ သူတို့ရဲ့အုပ်​စု
ဘေးမှာ ထိုင်​​နေရင်း နီယန်​က သူတို့ရဲ့
စကား​တွေကို မကြား​ယောင်​​ဆောင်​​နေလိုက်
တယ်​။

နဂိုက စိတ်​တန်​ခိုးမြူအုပ်​စု ယူလာတဲ့ spirit beastအသား​တွေက ဒိုင်​မင်းရှင်းတံခါးမပွင့်​ခင်​အထိသူတို့​တွေ စားဖို့ လုံ​လောက်​ပါတယ်​။
ဒါ​ကြောင့်​ နီယန်​က spirit beast အသား​တွေကို ​တောင်းတဲ့အခါ ​ဇောင်​ဘင်​က သူလိုသမျှ
ပေးလိုက်​တာပါ။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now