အခန်း(၈၆)ရလဒ်က သေချာသွားပြီ

1.1K 142 2
                                    

လီဖန်းက သူ့ဆရာ မ​ကျေနပ်​ဘူးလို့ ဖွင့်​​ပြောလိုက်​တဲ့အခါမှာ​တော့ အဲဒီစကားလုံးက
နီဘိုင်​အန်​ချန်းကို ကလန်​​ခေါင်း​ဆောင်​​နေရာ
က​နေ နှုတ်​ထွက်​ဖို့ တွန်းအား​ပေးလိုက်​သလို
ပါပဲ။သူကြိုက်​သည်​ဖြစ်​​စေ မကြိုက်​သည်​ဖြစ်
စေ.ကလန်​​ခေါင်း​ဆောင်​​နေရာကို လက်​လွှတ်
ရ​တော့မှာပါ။

လီဖန်းက နီကလန်​အကြီးအကဲ​တွေကို
ကလန်​​ခေါင်း​ဆောင်​အသစ်​ ​ရွေးဖို့​ပြောတဲ့အခါ
မှာ သူကနီ​ထောင်​ကို ရည်​ရွယ်​ချက်​ရှိရှိ လှမ်း
ကြည့်​ခဲ့တယ်​။ဒါက သူတို့ရဲ့သ​ဘောထားကို
ရှင်းရှင်းလင်းလင်း​ပြောပြ​နေသလိုပါပဲ။

နီဘိုင်​အန်​ချန်းရဲ့ လူယုံ ကလန်​အကြီးအကဲ
နီ​ဖေးရန်​ရဲ့မျက်​နှာက ပျက်​ယွင်းသွားတယ်​။
သူ့အမူအရာ​တွေက ​အေးစက်​သွားပြီး
ငြင်းဆန်​တဲ့စကားလုံး တစ်​လုံး​လေး​တောင်
မ​ပြောရဲပါဘူး။

အသက်​အကြီးဆုံးကလန်​အကြီးအကဲဖြစ်​တဲ့
နီရာအိုဇူက တိတ်​တိတ်​​လေး သက်​ပြင်းချ
လိုက်​မိတယ်​။သူက လီဖန်းကို ကြည့်​ပြီး
ပြောလိုက်​တယ်​။
"ကျွန်​​တော်​တို့ အုပ်​စု​ခေါင်း​ဆောင်​ရဲ့ဆန္ဒ
အတိုင်း ကလန်​​ခေါင်း​ဆောင်​အသစ်
တစ်​​ယောက်​ ​ရွေးလိုက်​ပါ့မယ်​။.."

မျက်​နှာအမူအရာ​ပြောင်းလဲခြင်းမရှိဘဲ
လီဖန်းက လက်​ကာပြပြီး ​ပြောလိုက်​တယ်​။
"ကိုယ့်​ကလန်​​ရှေ့မှာ ကလန်​အဖွဲ့ဝင်​အချင်း
ချင်းတိုက်​ခိုက်​​နေကြတာ။..မင်းတို့ဘာ​တွေ
လုပ်​​နေကြတာလဲ.."
သူက နီကလန်​က အဖွဲ့ဝင်​​တွေအားလုံးကို
ကလန်​ထဲပြန်​ဝင်​ဖို့ ​ပြောလိုက်​တယ်​။

"ကျွန်​​တော်​တို့ရဲ့အပြူအမူအတွက်
တောင်းပန်​ပါတယ်​။.."
နီရာအိုဇူက နီဘိုင်​အန်​ချန်းရဲ့အပြုအမူ
အတွက်​​တောင်း​ပန်​လိုက်​ပြီး နီကလန်​အဖွဲ့ဝင်
တွေကို ကလန်​ထဲကို ပြန်​သွားဖို့ အမိန့်​​ပေး
လိုက်​တယ်​။

အဲဒီအချိန်​မှာ နီဘိုင်​အန်​ချန်းက ဂ​ယောင်
ချောက်ချားဖြစ်​​နေတဲ့အတွက်​ သူရဲ့တတိယညီနီနန်​ရှမ်းက ကလန်​တံခါးဝက​နေ ဆွဲ​ခေါ်သွားရတယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Donde viven las historias. Descúbrelo ahora