Ep 31

16.4K 1.5K 134
                                    

 အလျှင်လိုနေပါတယ်ဆို မီးပွိုင့်တစ်ခုက လာမိနေ၍ မုန်း ထိုမီးပွိုင့်ကို ဆဲဆိုနေမိသည် ။

" ချီးတဲ့မှ .......... $@$#! ''

အရှေ့မှာလည်းကားတွေအများကြီး ပိတ်မိနေ၍ စိတ်မရှည်တော့ဘဲ ဆင်းပြေးရင် ကောင်းမလားဟုပင်တွေးမိသေးသည် ။ ကားမကြပ်တာကိုပဲ ကျေးဇူးတင်ရမလို ။ ဘယ်ကြည့်လိုက်ညာကြည့်လိုက်နဲ့ သူ့ကားရဲ့ တစ်စီးအကျော်မှာ ရင်းနှီးနေသည့် ကားတစ်စီး၏ နောက်ပိုင်းကို တွေ့လိုက်ရလေသည် ။

နေဦး.......... ဒါ ဦးလက်ျာကားမဟုတ်လား ။ Good ........ အနည်းဆုံးတော့ ကံတရားက ငါ့ကို ပစ်မထားဘူးဘဲ ။

မီးစိမ်းတာနဲ့ သူရှေ့ကကားနောက် အမှီလိုက်ရင်း လမ်းနည်းနည်း ရှင်းတာနဲ့ ရှေ့ကကားကို ကျော်တက်လိုက်သည် ။ ဦးလက်ျာ၏ ကားရှေ့ကိုရောက်တာနဲ့ မုန်းက ဘရိတ်ကိုရုတ်တရက်ကြီး အုပ်ချလိုက်လေသည် ။

ကျွီး............... ဒုန်း !!!!!!

ကျယ်လောင်သော ယာဉ်တိုက်မှုသံနဲ့အတူ ကားသုံးစီးဆင့် တိုက်မှုဖြစ်ပွားခဲ့သည် ။ သို့သော် ရှေ့ဆုံးက ကားသည်တော်တော် အထိနာသွားပုံရသည် ။ နောက်ကကား၏ အရှိန်နဲ့ဝင်ဆောင့်မှုကြောင့် လမ်းလည်မှာ ချထားတဲ့ ကွန်ကရစ်တုံးနဲ့ပါ ၀င်တိုက်မိသွားသောကြောင့် ကားသည် တော်တော်လေး စုတ်ပြတ်သတ်သွားသည် ။

နောက်ဆုံးက ကားထဲက လူသည် ကြောက်လန့်တကြားဆင်းလာပြီး ရှေ့ကားက လူတွေအခြေအနေကို ကြည့်လိုက်လေရာ အလယ်က ကားထဲက လူကြီးသည် သူ့ရဲ့ လည်တိုင်ကိုဖိလျှက် တကျွတ်ကျွတ်ညည်းလျှက်ဆင်းလာသည်ကို မြင်မှ စိတ်အေးသွားလေသည် ။ အသက်မသေတာကို တော်တော်ကျေးဇူးတင်ရမည် ။ ဖြစ်ချင်တော့ ဒီနားက လူပြတ်တယ်မလား ။အရေးနဲ့အကြောင်းနဲ့ဆို ဘယ်သူ့ကိုအကူညီတောင်းရမှန်း မသိဖြစ်နေမှာ ။

" ခင်ဗျား အဆင်ပြေရဲ့လား ''

" မပြေဘူး ........... ရှေ့က ခွေးသားလေးက ကားဘရိတ်ကို ရုတ်တရက်ကြီး အုပ်လိုက်တာလေ ။ ဒီကောင်သေချင်ရင်လည်း တခြားနေရာသွားသေပါလား ။ ဘာကိစ္စ ငါ့ရှေ့မှာလာပြီး မိုက်ရိုင်းရတာလဲ '''

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now