တိတ်ဆိတ်နေသော ပတ်ဝန်းကျင် တိတ်ဆိတ်နေသောအခန်းထဲတွင် ညင်သာစွာအိပ်မောကြနေသည့် လူတစ်ဦး ။
သူ့မျက်လုံးတွေ ပထမဆုံးဖွင့်လိုက်တာနဲ့ အလင်းရောင် ပါးပါးလေးသာရှိသည့် အခန်းကို ဦးစွာမြင်လိုက်ရသည် ။ လိုက်ကာအဖြူ မျက်နှာကျက်အဖြူက အမြင်ကိုအေးချမ်းစေသော်လည်း သူ့ပါးပြင်ထက်မှာ မျက်ရည်ပူစီးကျနေသည်ကိုတော့ သတိထားမိသည် ။
'' သခင်လေး............. သတိရလာပြီလား.......... ''
နံဘေးကနေ တီးတိုးခေါ်ဆိုသောအသံကြောင့် သူ့အိမ်က အလုပ်သမားတစ်ယောက်မှန်း မှတ်မိလိုက်သည် ။ သူ့ခေါင်းကိုဖြေးညင်းစွာလှည့်ပြီး ထိုအလုပ်သမားလေးကိုမေးလိုက်သည် ။
'' မုန်းကော ...................''
'' ဗျာ .................. ''
'' ဟိုကောင်လေး ဘယ်မှာလဲ? သူ့ဆီကိုခေါ်သွားပေး ''
'' သခင်လေး ဘာပြောနေတာလဲ ကျွန်တော်နားမလည်ဘူး ။ မုန်းက ဘယ်သူလဲ ? ''
" မုန်း.....မုန်းဆိုတာက....ဘယ်သူပါလိမ့်...... ''
" မုန်း ဆိုတာက............. ''
အနှိုင်းမဲ့ ဖြေးညင်းစွာ ထထိုင်ပြီး မျက်ရိုးကို ညစ်လျှက်စဉ်းစားနေလိုက်သည် ။
နေပါဦး ............... မုန်း ကဘယ်သူလဲ ?
ဒီနာမည်က ဘာကြောင့် ငါနဲ့အရမ်းရင်းနှီးနေရတာလဲ ...........?
အိပ်ယာနိုးနိုးချင်း ဒီနာမည်က ဘာကြောင့်ငါ့ရဲ့ခေါင်းထဲ ရောက်လာတာလဲ ?
'' ဥက္ကဋ္ဌ နိုးလာပြီလား.............. ''
အခန်းထဲဝင်လာသည့် အတွင်းရေးမှူးကိုကြည့်ပြီး တစ်ခုခုကို ပြန်တွေးတောနေမိသည် ။ ဟုတ်သားပဲ ငါက လက်ရှိမှာ Noya ရဲ့ ဥက္ကဋ္ဌ ။ ဒါပေမယ့် ငါ ရာထူးကျသွားတယ်လို့ ဘာကြောင့် ခံစားနေရပါလိမ့် ။
'' အင်း ............ ငါဘာဖြစ်သွားတာလဲ ? ''
'' အလုပ်တွေ အဆက်မပြတ်လုပ်ခဲ့လို့ အားနည်းပြီး ဥက္ကဋ္ဌမူးလဲသွားတာ ။ ဥက္ကဋ္ဌ အိပ်ယာထဲလဲနေတာ သုံးရက်ရှိပြီ ။ ဆရာဝန်ကအကြံပေးလိုက်တယ် ဥက္ကဋ္ဌအနေနဲ့ အေးဆေးအနားယူသင့်တယ်ဆိုတာ ။ ဒီထက်ပိုပြီး အလုပ်တွေဖိလုပ်နေရင် ဥက္ကဋ္ဌရဲ့ ကျန်းမာရေးကို ထိခိုက်လိမ့်မယ် ''
YOU ARE READING
အကြင်နာ.... မုန်း ( Completed)
Romanceကိုယ့်ဘဝမှာ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုရှိတယ် ၊ ဒါက အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် ဆုတ်ပြီး အဖေ့ကို ရအောင် ကယ်မယ်လို့ ( မဖြစ်နိုင်ပေမယ့် ခဏခဏ မျှော်လင့်တုန်း) သင်တို့မှာကော အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် ဘယ်သူ့ဆီ ပြန်သွားချင်လဲ ? ဘယ်သူ့ကို ရွေးခ...