အခန်း(၉၃)ရတနာအရောင်းပွဲတော်

1K 148 2
                                    

လွန်​ခဲ့တဲ့ နှစ်​ဝက်​နဲ့ယှ​​ဉ်​လိုက်​မယ်​ဆိုရင်
နီယန်​က ပိုပြီးသန်​မာလာသလို ပိုပြီးအရပ်​ရှည်
လာပါတယ်​။

အန်​ရှိရီရဲ့မျက်​လုံးထဲမှာ သူကလွန်​ခဲ့တဲ့ နှစ်​ဝက်​​လောက်​က က​လေး​လေးတစ်​​ယောက်
မဟုတ်​​တော့ပါဘူး။လက်​ရှိသူမရဲ့​ရှေ့မှာရှိ​နေ​တဲ့ နီယန်​ကလူငယ်​တစ်​​ယောက်​ဖြစ်​​နေပါပြီ။

အစိမ်း​ရောင်​ပုံရိပ်​​ယောင်​ဒိုင်​မင်းရှင်းစမ်းသပ်​မှု
ပြီးကတည်းက နီယန်​ရဲ့ကျင့်​စဉ်​က သိသိသာသာတိုးတက်​လာရုံသာမက သူကပိုပြီး
ရင့်​ကျက်​လာပါတယ်​။ပြီး​တော့ ပိုပြီးတည်​ငြိမ်
လာကာကိုယ့်​ကိုယ်​ကို ယုံကြည်​မှုလဲရှိလာပါ
တယ်​။

အန်​ရှိရီက ​ပြောင်းလဲမှု​တွေအားလုံးကို အံ့သြ
နေ​သော်​လည်း လက်​ရှိ​နီယန်​ရဲ့အဆင့်​အတန်း
ကသူမကို ခံစားချက်​​တွေရှုပ်​​ထွေး​နေ​စေပါ
တယ်​။

သူက အခု ဝူဂျိရဲ့တပည့်​ဖြစ်​ပါတယ်​။

သူမကအရင်​ကတည်းက ဝူဂျိရဲ့နာမည်​နဲ့
သူ့ရဲ့အဆင့်​အတန်းကို ကြားဖူးပါတယ်​။
မိုးထိ​တောင်​အုပ်​စုမှာသာမက မီး​ကောင်းကင်
နိုင်ငံ​တစ်​ခုလုံးမှာကို သူကအ​ရေးပါတဲ့
လူတစ်​​ယောက်​ပါ။

ဝူဂျိရဲ့​ရွေးချယ်​မှုကိုခံခဲ့ရတဲ့အတွက်​ နီယန်​လဲ
တစ်​​ခါတည်းနဲ့ ထပ်​ဆုံးကို ​ရောက်​သွားတယ်
လို့​​ပြောလို့ရပါတယ်​။

ဝူဂျိ​ကြောင့်​ နီယန်​ရဲ့အနာဂတ်​က တိုင်းတာ
ကြည့်​လို့မရ​တော့ပါဘူး။

ဝူဂျိရဲ့တပည့်​ဖြစ်​တဲ့ နီယန်​ရဲ့အဆင့်အတန်း
ကြောင့်​ မာနကြီးတဲ့ ယူအန်​ဇန်း​တောင်​ သူ့ကို
ရန်​မစရဲဘူးဆိုတာ သူမ​သေချာနားလည်​ပါ
တယ်​။ပြီး​တော့ နီကလန်​ကို ထပ်​ပြီး​တော့လဲ
ဒုက္ခ​ပေးရဲမှာ မဟုတ်​​တော့ပါဘူး။

"အစ်​မကြီး အန်​..
ဧည့်​သည်​​တွေကို ကြို​နေရတာလား.."
နီယန်​က ​မေးလိုက်​တယ်​။

အန်​ရှိရီက စဉ်းစား​နေတာက​နေသတိပြန်​ရလာပြီး အားတင်းပြုံးကာ ​ပြောလိုက်​တယ်​။
"အုပ်​စုက ခဏစီစဉ်​ခိုင်းထားတာပါ။စကား
ပြောတာ​တော်​​လောက်​ပြီ။မင်းကို ဂျီအန်
လင်းရှုနဲ့အခြားသူ​တွေဆီကို ​ခေါ်သွားဖို့
လူတစ်ေ​ယာက် ​စီစဉ်​​ပေးမယ်​။.."

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now