ep 2

81.8K 7.2K 214
                                    

'' ကျွန်တော် ဒီနိုင်ငံကနေ မထွက်သွားနိုင်ဘူး ။  ကျွန်တော့်ကို စွန့်လွှတ်ပြီးသားမလား ။ ဘာလို့ ပြန်ခေါ်ပြီး  စိတ်ဒုက္ခပေးရတာလဲ ။ စွန့်ပစ်လက်စနဲ့ တစ်သက်လုံးအတွက် စွန့်ပစ်လိုက်ပါလား ........? ။ ဘာလို့ ......  ကျွန်တော့်ကို အကြိမ်ကြိမ်သတ်နေကြတာလဲ ?  ဘာလို့လဲ ..........? ''

ဧည့်ခန်းမှာ ပစ္စည်းတွေကို ပစ်ခွဲပြီး သောင်းကျန်းနေသော သားဖြစ်သူကို ကြည့်ပြီး ဒေါ်သက်ထားပြုံးလိုက်သည် ။ သားဖြစ်သူကို ဆွဲရန်ပြင်နေတဲ့ အလုပ်သမားတွေကို လက်ကာပြပြီး ဒီအတိုင်းထားရန် အချက်ပြလိုက်သည် ။

'' သား ပစ္စည်းတွေကို ဖျက်ဆီးလို့ဝသွားရင် လာထိုင်ပါဦး ။ မေပြောစရာရှိလို့ ''

ဒေါ်သက်ထား၏အသံသည် ပကတိတည်ငြိမ်ကာ စွဲညို့ဒေါသထွက်ပြီး ဒီနေရာမှာလဲကျသေရင်တောင် ပျာယာခတ်နေမည့်ပုံမပေါ် ။ ဒီသားအပေါ်မှာ သူမရဲ့ အရင်းအနှီးက ကြီးလွန်းသည် ။ လွယ်လွယ်နဲ့တော့ ကလေကချေဘ၀အရောက်မခံနိုင် ။ သားဖြစ်သူအိမ်ပေါ်က ဆင်းကာစက တစ်လနှစ်လလောက်နဲ့ နောင်တရပြီး ပြန်တက်လာမယ်ထင်ထားပေမယ့် စွဲညို့သည် တော်တော် ဒူပေဒဏ်ပေခံနိုင်တယ်ပြောရမယ် ။ တစ်လလည်းပြန်မလာ နှစ်လလည်းပြန်မလာတာမို့ ချမ်းဆိုတဲ့ကောင်လေး အလုပ်လုပ်တဲ့နေရာတိုင်းမှာ အလုပ်ရှင်တွေကို ခြိမ်းခြောက်ပြီး ထိုကောင်လေးကို ဒုက္ခရောက်အောင် လုပ်ခဲ့ပေမယ့် တစ်နှစ်အထိတောင့်ခံနိုင်ခဲ့တာကိုတော့ အံသြစရာပဲ ။ ပြောရရင် ငြိမ်းချမ်းဆိုတဲ့ကောင်လေးက ဆင်းရဲတာကလွဲရင် တော်တော်လေးအထင်ကြီးစရာပါ ။ ဒါပေမယ့် အချစ်တစ်ခုတည်းနဲ့ ဘ၀တစ်ခုကိုတည်ဆောက်လို့မရဘူးဆိုတာ ဒီကောင်လေးသိအောင် နည်းလမ်းပေါင်းစုံသုံးပြီး နှောက်ယှက်ခဲ့တာယ် ။ သူမရည်ရွယ်ချက်အောင်မြင်ပါတယ် ။ နောက်ဆုံးတော့ သူမသား သူမဆီကို ပြန်ရောက်လာပြီလေ။

မထင်ထားတာတစ်ခုက သူမပေးခဲ့တဲ့ငွေတွေကို ထိုကောင်လေးက နည်းနည်းလေးမှ မငြင်းဆန်ဘဲ ယူခဲ့တာပဲ ။ အင်းပေါ့လေ .........ဘာက အရေးကြီးလဲဆိုတာ သဘောပေါက်သွားလို့ ဖြစ်မှာပေါ့ ။

သွေးအေးပြီး ရက်စက်လွန်းတဲ့ မွေးသမိခင်ကြောင့် စွဲညို့ အသက်ရှင်ချင်စိတ်ပင် ပျောက်သွားသည် ။ သူ့ဘ၀ကို ဒီလောက်ထိ ၀င်စွပ်ဖက်ပြီးတာတောင် လက်သည်းနီဆိုးမပျက် သူနဲ့စကားပြောဖို့ ကမ်းလှမ်းရဲသေးတာကိုပဲ ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now