အခန်း (၁၀၀) ကောင်းကင်ကသွေးလ

1.1K 144 3
                                    



မိုးထိ​တောင်​အုပ်​စုကလူ​တွေ နား​နေတဲ့​နေရာ
က​နေ ထွက်​လာပြီးတာနဲ့ ပန်​တာအိုက
ချက်​ချင်း​ပြောလိုက်​တယ်​။
"နီယန်​..အန်​ရင်​တို့ ညီအစ်​မရဲ့ကိစ္စနဲ့ပက်​သက်
ပြီး ငါလဲကူညီ​ပေးချင်​ပါတယ်​။ဒါ​ပေမယ့်
ငါ့မှာ အဲဒီလိုလုပ်​နိုင်​တဲ့စွမ်းရည်​မရှိဘူး.."

"အကြီးအကဲဂန်းကန်​က ရတနာ​ကျောင်းက
လက်နက်လုပ်သူေ​​​တွထဲမှာ အာဏာရှိတဲ့လူ
တစ်​​ယောက်​ပဲ။ရတနာ​ကျောင်းနဲ့စိတ်​ဝိဥာဉ်
ကျောင်းကမတူဘူး။ငါ့အဖိုးမှာ​တောင်
သူတို့ကို အာဏာ​ပေးနိုင်တဲ့ ​အစွမ်းမရှိဘူး။.."

"ပြီး​တော့ အကြီးအကဲဂန်းကန်​တစ်​ဦးတည်း
အန်​ရှိရီကို လိုချင်​​နေတာမဟုတ်​ဘူး။"

"ငါ့အဖိုးက စိတ်​ဝိဥာဉ်​​ကျောင်းရဲ့အဆင့်​မြင့်
အကြီးအကဲတစ်​​ယောက်​ပဲ။သူက ပန်​ကလန်
တစ်​ခုလုံးကို အန်​ရင်​တို့အတွက်​ ရပ်​တည်​​ပေးဖို့ ဆန္ဒမရှိဘူး။.."

ပန်​တာအိုက နီယန်​သူ့ကို စိတ်​ဆိုးမှာစိုးရိမ်​​နေ
တဲ့အတွက်​ သူ့ရဲ့ကူရာကယ်​ရာမဲ့​နေတဲ့အ​ခြေ
အ​နေကို ရှင်းပြ​နေပါတယ်​။

"ငါနားလည်​ပါတယ်​။.."
နီယန်​က ​ဖြေလိုက်​တယ်။

"အို့..​ကောင်းပါပြီ။..ဒါနဲ့ မင်းက ကျင့်စဉ်
အဆင့်​ဘယ်​​လောက်​ကို​ရောက်​​နေပြီလဲ.."
ပန်​တာအိုက ​မေးလိုက်​တယ်​။..

"ချီကျင့်​စဉ်​ အဆင့်​ ၉ မှာ ငါ​ပထမဆုံးပိတ်​ဆို့
မှုနဲ့ ​တွေ့​နေပြီ။.."
နီယန်​က ရယ်​လိုက်​တယ်​။
"ငါ့ဆရာက စိတ်​ဝိဥာဉ်​ရတနာအုပ်​စုမှာ
ငါ့ကိုယ်​ငါဖိအား​ပေးနိုင်​ပြီး lesser heaven
အဆင့်​ကိုတက်​နိုင်​ဖို့ ​မျှော်​လင့်​ခဲ့တာ။.."

"မင်းရဲ့တိုးတက်​မှုနှုန်းက တကယ်​ကို ​ကြောက်​စရာပဲ။.."
ပန်​တာအိုက ​ပြောလိုက်​တယ်​။
"တကယ်​လို့ ငါမှတ်​မိတာမှန်​ဦးမှာဆိုရင်​ မင်း
အစိမ်း​ရောင်​ပုံရိပ်​​ယောင်​ဒိုင်​မင်းရှင်းထဲကို
ဝင်​လာတုန်းက မင်းက ချီကျင့်​စဉ်​အဆင့်​ ၆
ပဲ ရှိ​သေးတယ်​။ငါတို့ အဲဒီမှာရှိခဲ့တဲ့ နှစ်​ဝက်
အတွင်းမှာ မင်းကအဆင့်​ ၆ က​နေ အဆင့်​ ၈
ထိ​ရောက်​ခဲ့တယ်​။အခု ​နောက်​ထပ်​နှစ်ဝက်​အတွင်း ချီကျင့်​စဉ်​အဆင့်​ ၉ ကို ​ရောက်​ခဲ့တယ်​။
မင်းရဲ့စွမ်းရည်​နဲ့ ကျင့်​စဉ်​ကို စဉ်းစားကြည့်
လိုက်​မယ်​ဆိုရင်​ မင်း Lesser Heaven အဆင့်
ကို​ရောက်​ဖို့ သိပ်​မကြာ​တော့ပာဘူး။"

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now