ep 4

63.7K 5.9K 319
                                    

📅 5. January . 2016 📅

'' ငါက ဘာကောင်မှ မဟုတ်တော့ရင် မင်းငါ့ကို လက်ခံမှာလား ။ ငါ့မှာ ပိုင်ဆိုင်တဲ့အရာတွေ ဘာမှမရှိတော့ဘူးဆိုရင်တာင် မင်းငါ့ကို မငြိုငြင်ဘူးမလား ။ အခု ငါအိမ်ပေါ်က ဆင်းခဲ့ပြီနော်......ချမ်း ။ ငါ့ကို မင်းနဲ့အတူ ခေါ်ထားပေးနိုင်မလား ''

'' ဒါပေါ့ ............. မင်းက ဘာကောင်မှမဟုတ်တော့ဘူးဆိုရင်တောင် ငါ့အတွက်ကတော့ မင်းသားလေးပဲ ။ မင်းတောင် ငါလိုလူနဲ့ မရေရာ မသေချာတဲ့အနာဂတ်ကို ရင်ဆိုင်ဖို့ အသင့်ရှိသေးတာပဲ ။ ငါ့ဖက်ကဘာနာစရာရှိလို့လဲ ။ နာချင်းနာ မင်းဖက်ကတောင် နာရဦးမှာ ''

အရမ်းလှတဲ့ ညနေခင်းတစ်ခုမှ ကောင်လေးနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် ကတိတွေပေးပြီး အနာဂတ်ကို တူတူရင်ဆိုင်ဖို့ အားတွေမွေးဖူးခဲ့၏။

ချမ်းရဲ့ အခန်းကျဉ်းလေးထဲမှာ စွဲညို့ရဲ့ လက်ဆွဲသေတ္တာကြီးကြီးတစ်ခုက နေ့ချင်းညချင်းနေရာယူလာပြီး အိပ်ယာက တစ်ယောက်အိပ်ကနေ နှစ်ယောက်အိပ်ဖြစ်သွားသည် ။ အရင်က တစ်ယောက်တည်းမို့ ကျယ်တယ်ထင်ရတဲ့ အခန်းလေးက ခု တစ်ယောက်နဲ့တစ်ယောက် မတိုက်မိအောင်မနည်းရှောင်နေရတဲ့ အခန်းကျဉ်းလေးဖြစ်သွားသည် ။

စွဲညို့ကတော့ ဒီအခန်းကျဉ်းလေးကို အရမ်းသဘောကျပုံရသည် ။

" မိုက်တယ်နော် ......... အခန်းကကျဉ်းတော့ မင်းဘယ်ရောက်ရောက် ငါ့မျက်စိအောက်က မလွတ်ဘူး ။ နောက်ခါ ငါတို့လက်ထပ်ပြီးရင် ခြံအကျယ်ကြီးကိုမှ အိမ်သေးသေးလေးပဲဆောက်ပြီး မင်းနဲ့ခုလိုနှစ်ယောက်တည်းနေရမယ် ''

'' ဟာသပြောနေတာတွေရပ်ပြီး ငါ့ကို စာလာရှင်းပြဦး ။ ငါကမင်းလောက် ညဏ်မကောင်းတော့ ဆရာစာရှင်းပြတာကိုနားထောင်ရုံနဲ့ နားလည်တဲ့ထဲမှာ မပါဘူး ''

ပြောလို့ပြောတာမဟုတ် စွဲညို့စေနိုင်ဆိုတဲ့ကောင်ဟာ ရုပ်ချောရုံတင်မက သူဟာအတန်းထဲမှာ အမြဲတမ်းA+ ရတဲ့ ကျောင်းသား ။ သူစာလုပ်တာကို သိပ်မတွေ့လိုပေမယ့် သူ့ရဲ့အရည်အချင်းတွေက ကျသွားတာမျိုးမရှိ ။ တကယ်တမ်းစာအုပ်နဲ့မျက်နှာမခွာတဲ့ ချမ်းကသာ အဆင့် B ထဲဝင်အောင်မနည်းကြိုးစားရသည် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now