ep 6

63.2K 6.6K 765
                                    


" ငါ့ကိုချစ်လား.......ချမ်း ''

" တစ်မိုးအောက်တစ်ယောက် ငြိမ်းချမ်းဆိုတဲ့ ဒီကောင်က ဟောဒီက စွဲညို့စေနိုင်ဆိုတဲ့ ကောင်ချောလေးကိုပဲ ချစ်ပါသတဲ့ ''

အပြာရောင်ကောင်းကင်အောက် အိမ်ရှေ့ကခုံတန်းရှည်ပေါ်ထိုင်နေကြတာတောင် သူတို့ကိုယ်သူတို့ သုခဘုံရောက်နေသယောင် သည်းပြနေသော rs တစ်တွဲ ။
စွဲညို့သည် ချမ်းပေါင်ပေါ် ခေါင်းဦးအိပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည် ။ ပြီးနောက် သူ့ကိုငုံ့ကြည့်နေတဲ့ ချစ်ရသူကို ဆွဲဆွဲငင်ငင်ကြည့်ကာ ပြုံးလိုက်သည် ။

" ကောင်ကင်ကြီးရဲ့အောက် မင်းပေါင်ပေါ်ခေါင်းဦးအိပ်နေရတဲ့ အချိန်က မိုးရွာတဲ့နေ့မှာ ကော်ဖီခါးခါးတစ်ခွက် သောက်ရတာထက် ပိုပြည့်စုံလွန်းတယ်။ သေချာတယ်..... မင်းသာမရှိရင် ငါဆိုတဲ့ကောင်က လူပေါ်ကြော့ အရိုင်းအစိုင်းလေးပဲ ဖြစ်နေမှာ ''

" ခုလည်း အရိုင်းအစိုင်းလေးပါပဲ ။ ဒါပေမယ့် ငုံထားမတတ်ချစ်ရတဲ့ အရိုင်းအစိုင်းလေး ''

ချမ်း ပြောပြောဆိုဆို သူ့ပေါင်ကို မ,ကာ ခေါင်းငုံ့လိုက်ပြီး နှာခေါင်းချင်း မထိတထိပွတ်သပ်လိုက်သည် ။ အကြင်နာအနမ်းပေးတာမဟုတ်ဘဲ ခုလို နှာခေါင်းချင်းပွတ်သပ်တာကို ချမ်းအတော် ကြိုက်ပုံရသည် ။ ဟီး ဆိုပြီးတစ်ချက်ရယ်ကာ ပြန်မော့သွားတဲ့ ချမ်းကို စွဲညို့က လည်ပင်းကနေ ပြန်ဆွဲယူကာ မျက်နှာချင်း နီးကပ်စေလိုက်သည် ။

" မင်းရဲ့အနမ်းလေးနဲ့ဆို ဒီမနက်ခင်းက ပိုပြီး ပြည့်စုံမယ်ထင်တယ် ''

စွဲညို့၏ ပါးလှပ်လှပ်နူတ်ခမ်းပါး တစ်စုံသည် ချမ်း၏ နူတ်ခမ်းဖူးလေးကို စုပ်ယူနမ်းရိုက်လာသည်။ ဒီအတိုင်းနမ်းနေကြတာ အားမရလို့ စွဲညို့ထထိုင်ကာ ချမ်းကို ခုံတန်းရှည်ပေါ် လှဲချလိုက်သည် ။

" စွဲညို့...... ငါတို့ အိမ်ရှေ့ကြီးမှာနော် ''

" ရတယ်...... ခဏနေ အိမ်ထဲသွားမယ် ''

တစ်ဖန်ကျူးကျော်ဝင်ရောက်လာသော အနမ်းများက နံနက်ခင်းအတွက် အားဖြည့်အချိုရည်အလားပင်။ ချမ်းရဲ့ အင်္ကျီစအောက်ကနေ တိုးဝင်လာသော စွဲညို့ရဲ့ လက်ကြောင့် ချမ်းက အလိုက်သင့် တင်ပါးအကြွ.........

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now