Episode💚Twenty-Seven
Markbam🐰🐍
Zawgyi :::
Yi En စံအိမ်တော်။
"ကျွန်တော်ရောက်ပါပြီ ကျောင်းအုပ်ကြီးခင်ဗျ.... "
"အော် bambam တောင်ရောက်လာပြီလား..? အေး လာထိုင်လေကွာ...မင်ဟိုရေ လာပါအုံးကွ..."
"မင်ဟို...?"
ထိုစဉ် လှေကားထစ်တွေဆီမှ ဝိုင်းဒိုင်းကျဲဆင်းလာသော မင်ဟိုသည် ရှစ်ခေါက်ချိုးထားသော တွန့်ကြေမျက်နှာဘေးနဲ့ ဥက္ကဌ ဘေးနား ဝင်ထိုင်သည်။
"မင်ဟိုနဲ့ ကျောင်းအုပ်ကြီးက ဟို..ဘယ်လိုများ တော်စပ်တာလဲဟင်...?"
"အော်..မင်ဟိုကငါ့သားအကြီးဆုံးရဲ့သား ငါ့မြေးအကြီးဆုံးလေကွ...ဒါနဲ့ မင်းက မသိဖူးလား..?"
"ဟို..မသိဖူးခင်ဗျ..."
ဒါဆို လူကြီးနဲ့ဆို တူဝရီးတော်မှာပေါ့....
ဒါနဲ့များ လူကြီးက မင်ဟိုကို ဘာလို့ မျက်မုန်းကြိုးနေသလဲ မသိ....???
"beom ကကော မပြောပြဖူးလားကွ.. ?"
"ဟုတ်ကဲ့ ပါးနဲ့ အဲ့ကြောင်း စကားမစပ်မိသေးလို့ပါ ကျောင်းအုပ်ကြီး..."
"အေးအေး...မင်းလည်း ပင်ပန်းနေတယ်မလား..? နားချင်ရင်နားတော့....
မင်ဟို bambamကို သူနေရမယ့်အခန်းကို လိုက်ပို့ပေးလိုက်ချည်..."
"ဟာ...အဘိုးကလည်း... ကျွန်တော်က အိမ်အကူလားဗျာ..? အဒေါ်ကြီးတို့ရှိတာပဲ ခေါ်ခိုင်းပါလားဗျာ...?"
"ဒီကောင်...!!!!! ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို အဲ့လိုပြောစရာလားကွ..? အရိုင်းစိုင်းလေး..."
ဥက္ကဌကြီး ရီအန်က သူ့ဘေးက တုတ်ကောက်ကို လှမ်းဆွဲကာ မင်ဟိုကို ရိုက်တော့မည့်ဟန်ရွယ်သည်။
"Appa...Appa...Appa...."
"အေ..မင်းအဖေဒီမှာကွ သွမ့်လေးရ...အရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတာလဲ...?"
ဟုတ်လည်းဟုတ်သည်။mark သည် အိမ်ထဲဝင်ဝင်လာခြင်း ဧည့်ခန်းဆောင်တွင်ရှိနေသော သူတို့တွေကို မမြင်ပဲ အပေါ်လှေကားထပ်ကိုကြည့်ပြီး အဖေဖြစ်သူကိုသာ တကျော်ကျော် အော်ခေါ်နေတော့သည်။
ESTÁS LEYENDO
💚 Seon Saeng Nim 💚 [Z+U COMPLETED]
Fanfictionmain - Markbam {Yaoi} side - Bnior {Normal } Drama Romance 💚
![💚 Seon Saeng Nim 💚 [Z+U COMPLETED]](https://img.wattpad.com/cover/151551674-64-k275944.jpg)