ep 13

59.1K 7.3K 333
                                    

ကျယ်ဝန်းသော စားသောက်ခန်းတွင် နံရံဆေးပန်းချီများဖြင့် အဆင့်တန်းမြင့်မြင့် တန်ဆာဆင်ထားလျှက်ရှိပြီး ဈေးကြီးမှန်းသိသာစေလှသော ဟင်းလျှာများက စားပွဲရှည်ပေါ်တွင်အပြည့် ။ လူနှစ်ယောက်တည်း ရှိတာကို ဒီလောက်အများကြီး မှာယူပြီး ပြင်ဆင်ထားတာဟာ တစ်ဖက်သားဟာ သူ့ရဲ့ကြွယ်ဝမှုကို တမင်ဖော်ပြနေသယောင် ။ ချမ်းသည် သူ့ရှေ့က ဂုဏ်သရေရှိ အမျိုးသမီးကို ခါးညွှတ်နူတ်ဆက်ပြီး ခုံတစ်လုံးဆွဲယူကာ ၀င်ထိုင်လိုက်သည် ။

ထိုဂုဏ်ကျက်သရေရှိ အမျိုးသမီးသည် အထူးပြောဆိုစရာမလိုလောက်အောင် သူ့ချစ်သူဟောင်းရဲ့ မိခင်ဖြစ်သူ တစ်ချိန်က သူ့ကို စွဲညို့အနားကနေ ထွက်သွားခိုင်းသည့် ဒေါ်သက်ထားသခင်ဆိုသူပင် ။ သူမသည် ထိုအစားအစာတွေကို စိုးစဉ်းမျှထိတွေ့ခြင်းမရှိဘဲ လဖက်ရည်ပန်းကန်ဝိုင်းကိုသာ တစ်ချက်မော့သောက်လျှက် ချမ်းကို ကြည့်လာသည် ။ သူမ အကြည့်တွေက မီးတောက်တစ်ခုဆို ဒီအချိန် ချမ်းတစ်ယောက် ပြာကျနေလောက်ပြီ ။ သို့သော် သူမသည် ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးဖြစ်တဲ့အပြင် ပါးနပ်လိမ်မာသည့် ထက်မြက်သည့် အမျိုးသမီးတစ်ဦးမလို့ သူမပါးစပ်ထဲကနေ ခုထိ စကားလုံးကြမ်းကြမ်းတွေ မထွက်သေး ။

" မင်းကို အန်တီ့သားအနားက ထွက်သွားပြီထင်တာ ၊ ဘယ်လိုဖြစ်ပြီး အခုသူ့အနားပြန်ရောက်နေတာလဲ ။ ဘာလို့လဲ ........... အန်တီပေးတဲ့ ငွေတွေက မင်းအတွက်မလုံလောက်လို့လား ။ ဒါမှမဟုတ် ထပ်လိုချင်သေးလို့လား ''

ချမ်းသည် နာရီကို တစ်ချက်ငုံ့ကြည့်ပြီး ညင်သာစွာပြုံးပြလိုက်သည် ။ ဒေါ်သက်ထားသခင်ဆိုသူက စကားလုံးနဲ့စော်ကားတိုက်ခိုက်ပေမယ့် ကိုယ်အပြုအမူက ယဉ်ကျေးတော့ သူကလည်း ယဉ်ယဉ်ကျေးကျေးပင် ပြန်လည် ရယ်ပြမိသည် ။

" တကယ်တော့ ကျွန်တော် ထွက်သွားပြီးပါပြီ အန်တီ ။ စွဲညို့က ကျွန်တော့်အနားကို ပြန်လာပြီး အန်တီ့ကို တူတူရင်ဆိုင်ဖို့ ပြောလာလို့ပါ ။ အစက ကျွန်တော်ငြင်းပါသေးတယ် ။ ဒါပေမယ့် သူက ကျွန်တော့်ကို ငြင်းဆန်ခွင့်မပေးတဲ့အပြင် အရင်ကထက် ပိုအရွဲ့တိုက်တတ်လာတယ် ။ တကယ်လို့ စွဲညို့ဖက်ကသာ ကျွန်တော်နဲ့ အရှင်းမပက်သက်ချင်တော့ဘူးထင်ရင် ကျွန်တော်သူ့ဆီက လုံးဝ ထွက်သွားမှာပါ ။ ဒါပေမယ့် ခုအခြေအနေက ကျွန်တော် ဘယ်ကိုပဲ ထွက်ပြေးထွက်ပြေး သူက လက်လွှတ်ပေးမယ့်ပုံမပေါ်ဘူး ။ ကျွန်တော်အကြံပေးချင်တာက ခုလိုကျွန်တော့်ကို ခေါ်တွေ့ပြီး အချိန်ဖြုန်းမယ့်အစား စွဲညို့ကိုပဲ တိုက်ရိုက်ခေါ်တွေ့ပြီး ဆွေးနွေးလိုက်ပါ ။ ဒါက ပိုပြီးအကျိုးသက်ရောက်မှု ရှိမယ်ထင်တယ် ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now