❀7❀

4.7K 108 13
                                        

(Unicode)

" တာမီဆူခီ ငါတို့ဇာတ်​လမ်ကိုဒီမှာပဲ အချိန်​​တွေမလွန်​ခင်​ ဇာတ်​သိမ်းလိုက်​ကြရ​အောင်​ "

ဟာရာမီ ရဲ့ လမ်းခွဲစကားက သိပ်​ကိုပြတ်​သားလွန်းသည်​ ။

ဟာရာမီ ရဲ့ အ​တွေးထဲမှာဘယ်​လိုကြံစည်​မှု့မျိုး​တွေရှိ​နေသည်​လဲ မ​တွေး​တောတက်​​ပေမယ့်​ ။

တာမီဆူခီ ရာမီ ကိုနားလည်​ဖို့ရာခက်​ခဲလွန်းသည်​ ။

" ဘာအတွက်​လဲ ဟာရာမီ မင်းနဲ့ငါ့ရဲ့ကြားမှာရှိ​နေတဲ့ ခိုင်​မာတဲ့ကြိုးတစ်​​ချောင်းက ပြတ်​​တောက်​ဖို့အခု​တော့သိပ်​လွယ်​​နေပြီလား "

" ခိုင်​မာတဲ့ကြိုးဆိုတာ ငါနဲ့နင့်​ရဲ့ကြားမှာဘယ်​တုန်းကမှရှိမလာခဲ့ဖူးဘူး တာမီဆူခီ "

" ဒါဆိုရင်​ ဘာအတွက်​ဆိုတဲ့အ​ကြောင်းပြချက်​​တော့ငါသိလို့ရနိုင်​မယ်​လို့ငါထင်​တယ်​ "

ဟာရာမီ နှင့်​ တာမီဆူခီ တို့​တွေ့​နေကြ​နေရာ​လေးဖြစ်​သည့်​ ​တောင်​ကုန်းမို့မို့​လေးထက်​တွင်​​ဆောက်​လုပ်​ထားသည့်​ အိမ်​​တော်​ကြီး​၏အ​ရှေ့တွင်​ ဆာကူရာပင်​ကြီးက​တော့ ​လေယူရာမယိမ်းနွဲ့​နေပါ။

ဆာကူရာပင်​ကြီး​အောက်​၌ စို့နှစ်​ဖွယ်​ဖြစ်​ရပ်​တစ်​ခုကို​ဖြေရှင်း​နေကြသည့်​ သူမတို့နှစ်​​ယောက်​ ။

တာမီဆူခီ ရှိရာဘက်​သို့​နောက်​​ကျော​ပေးထားသည့်​ ဟာရာမီ တည်​ငြိမ်​စွာပင်​ ။

တာမီဆူခီ က​တော့ ဟာရာမီ ၏​ကောပြင်​ကိုစိုက်​ကြည့်​ရင်း ​မေးခွန်းမမည်​​သောစကားလုံး​တွေ​ကြောင့်​အ​ဖြေရှာရခက်​​နေ၏ ။

" ငါနင့်​အ​ပေါ်မှာ သာယာခဲ့တယ်​တာမီဆူခီ နင့်​ရဲ့ကြင်​နာမှု့​တွေ ယုယခြင်း​တွေကြားမှာ ငါယစ်​မူးခဲ့တယ်​ ဒါ​ပေမယ့်​အဲ့ဒိ​သာယာမှု့​တွေကအခုချိန်​မှာအတုံးသက်​သွားခဲ့ပြီ မိန်းက​လေးတစ်​​ယောက်​ဖြစ်​​နေတဲ့နင်​နဲ့ငါ့ရဲ့ဘ၀ကိုထာဝရ​ပေါင်းစပ်​ဖို့မဖြစ်​နိုင်​ဘူး "

" ဘာ​တွေလဲ မင်းပဲငါနဲ့အမြန်​နီးစပ်​ချင်​ပြီဆို မိဘ​တွေသ​ဘောမတူရင်​အတူထွက်​​ပြေးကြဖို့မင်းပါးစပ်​ကပဲ ငါ့ကိုအကြိမ်​ကြိမ်​​ပြောခဲ့ဖူးတာ​လေ အခုကျမှဘာ​တွေထပြီး​သွေး​ကြောင်​ပြ​နေရတာလဲ ဟာရာမီ မင်းနဲ့မလိုက်​ဖက်​တဲ့ပုံစံမျိုးမလုပ်​စပ်းပါနဲ့ကွာ "

[ လ​ရောင်​အောက်​မှ~ဆာကူရာသက်​သေ ]Zawgyi & UnicodeWhere stories live. Discover now