Part.22::လေပြည်ဆိုသည်မှာ..

31.8K 3.9K 312
                                    

...
Zawgyi +Unicode..

..

ART::22::ေလျပည္ဆိုသည္မွာ

..

မေ့ပစ်နိုင်ခဲ့ပြီဆိုတဲ့အကြောင်း..ဒီမနက်မှာတင်..

မင်းကိုသတိရစွာနဲ့.ရွတ်ဆိုခဲ့ပါတယ်..ချစ်သူ..

...

ထိုလူကို ထားလည်းမသွားနိုင် ကယ်လည်းမကယ်နိုင် အတန်ကြာပွေ့ဖက်နေမိခဲ့သည့်အချိန်ဝယ် ပြေးလွှားလာသည့် မိုးရေများကြားမှခြေသံရှင်ကမှင်စာလိုလူ..

"ဌာနခွဲကမီးရှို့ ခံလိုက်ရတယ် ..ကျန်တဲ့ဌာနတွေကလည်းစိုးရိမ်ရသေးတာမလို့ ခေါင်းဆောင်Kက မြို့ထဲမလာသေးဘဲ..တစ်နေရာရာမှာရှောင်နေပါလို့..မှာလိုက်ပါတယ်..''

တစ်နေရာရာ..

ကျနော်လည်းသေချာမှမသိပဲ..အခက်တွေ့နေဟန်ကြောင့်မှင်စာက စကားဆက်သည်..။

"တောထဲက သစ်လုံးအိမ်ဆို..မကောင်းဘူးလားခေါင်းဆောင် ကအဲမှာနွေရာသီဆိုသွားနေကြမလို့..ဆောက်ထားတာ

ဒီနဲ့..ရထားစီးသွားရင်ညတွင်းချင်းရောက်တယ်'

"ကောင်းပြီလေ.သွားရအောင်.''

ခရီးသိပ်မသွားကြတဲ့ကာလမလို့ လူကသိပ်မရှိသဖြင့်..ရထားတွဲကခြောက်ကပ်နေသည်..။

သစ်လုံးအိမ်

ကျနော်ဂီတာသွားတီးတတ်တဲ့ မြက်ခင်းပြင်ကိုတောင် သတိရသွားသည် .။ကျနော်ဂီတာတီးစဉ် ဂျုံခင်းတွေကြားကဖြတ်တိုက်လာတတ်သည့် လေပြည်ကို ကျနော်သဘောကျသည် ။လေပြည်နဲ့ တူတဲ့ သူကရော အခုဘယ်မှာများလဲ ။

သတိပြန်လည်မလာသေးတဲ့သူ့ကို ပေါင်ပေါ်တင်ရင်း..ထိုမှင်စာလူက မျက်နှာချင်းဆိုင် ခုံမှာတစ်ယောက်တည်းထိုင်ကာခရီး ရှေ့ဆက်ခဲ့သည်..။

..

မနက်လင်းပိုင်းကိုရောက်လာတဲ့အခါ ထူးဆန်းသောအခြင်းအရာတစ်ခုကို ကျနော်စတင်တွေ့ ကြုံလာခဲ့သည် ။

မီးရထားပြတင်းပေါက်ကနေ နေရောင်တစ်စ ကျနော့်ပေါင်ပေါ်လှဲအိပ်နေခဲ့တဲ့ ထိုလူပေါ်ပြိုကျလာတဲ့အခါ ..ဒါက မနေ့ ညက ရုန်းရင်းဆန်ခတ်အခြေအနေမှာ သတိမထားမိခဲ့ပေမယ့်
ဝဲကျနေတဲ့.. ငွေဖြူရောင်ဆံပင်တွေက မဟုတ်သေးဘူးမလား ။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now