ep 21

51K 4.7K 387
                                    

ငြိမ်းချမ်းအလုပ်ဝင်တာ သုံးလပြည့်တဲ့နေ့မှာပေါ့ သူ့အလုပ်သင်ကာလပြီးဆုံးသွားပြီးနောက် တရားဝင်ဝန်ထမ်းအဖြစ်ခန့်အပ်ပြီဖြစ်ကြောင်း ၀န်ထမ်းရေးရာဋ္ဌာနက ခန့်အပ်စာရောက်လာခဲ့သည် ။ ချမ်း,သည် ထိုစာရွက်ကြီးကိုကိုင်ကာ ဖင်တကြွကြွနဲ့ ရုံးဆင်းမယ့်အချိန်ကိုမျှော်နေမိသည် ။ ဒီညအတွက်တော့ သူ့ကို ဂုဏ်ပြုသောအားဖြင့် စွဲညို့ကို အစားသောက်ကောင်းကောင်းလေး ၀ယ်ကျွေးခိုင်းရမယ် ။

" ငြိမ်းချမ်း ................ ခဏလောက် လာခဲ့ပေးပါဦး ''

ထူးထူးဆန်းဆန်း Head က နာမည်တပ်ပြီးခေါ်နေတာမလို့ သူဘာများအမှားလုပ်ထားတာရှိလို့လဲဟု ချမ်းတစ်ယောက် အူကြောင်ကြောင်တွေးရင်း ကုပ်ကုပ် ကုပ်ကုပ်နဲ့ Head ရဲ့စားပွဲရှေ့မှာ ရပ်နေလိုက်သည် ။

Head သည် စကားတစ်ခွန်းကို ဘယ်ကစပြောရမှန်းမသိဘဲ အစဆွဲထုတ်နေသည့် လူလို ။ နောက်တော့မှ သူ့ရှေ့မှာ အကောင်လိုက်ရပ်နေသည့် ချမ်း,ကို အားနာသလို၊ စိတ်မကောင်းသလိုကြည့်ကာ ချောင်းတစ်ချက်ဟန့်လိုက်သည် ။

" အဟမ်း ........... မင်း ဒီနေ့မှာပဲ တရားဝင်ဝန်ထမ်းဖြစ်သွားပြီဆိုတော့ အထက်က မင်းကို တာဝန်တစ်ခုပေးလိုက်တယ် ''

" ဗျာ ........... အထက်ကပေးတဲ့တာဝန်ဆိုတော့ ရှေ့တန်းထွက်ရတာမျိုးလား ''

အူလည်လည်ပြန်မေးလာသည့် ချမ်း,ကို Head သည် မျက်မှောင်ကုပ်ကာကြည့်လိုက်သည် ။

သောက်ကလေး ............. ငါ့စကားကို ဆုံးအောင်နားထောင်ပြီးရင် ဒီလိုမျိုးမျက်နှာပြောင်နိုင်သေးလား ကြည့်ကြသေးတာပေါ့ ။

" မင်းကို ( ...............) နယ်ဖက်မှာရှိတဲ့ ငါတို့လုပ်ငန်းကို ကုန်ကြမ်းတွေထုတ်ပေးနေတဲ့ စက်ရုံကို သွားစစ်ဆေးခိုင်းတယ် ။ သူတို့ဖက်ကအဓိကတာဝန်ခံတစ်ယောက်က မကြာခင်ကမှ ဆုံးပါးသွားတဲ့အတွက် လက်ရှိ ရှိနေတဲ့ တာဝန်ခံနဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းပေးဖို့ကို ငြိမ်းချမ်းက သွားပေးရမယ် ။ ပြီးတော့ ........... ဒီနေ့ပဲသွားရမယ်လို့ အထက်က ပြောလိုက်တယ် ။ ခရီးစရိတ်ကိုလည်း တစ်ခါတည်းထုတ်ပေးသွားတယ် ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now