အခန်း(၁၄၆) ရေခဲပုလဲ

864 131 1
                                    



နီယန်​က လက်​နှစ်​ဖက်​​ရှေ့ထုတ်​ကာ လက်​ဖဝါးနှစ်​ဖက်​ကို အ​ပေါ်​အောက်​ ဆန့်​ကျင်​ဘက်
ပုံစံထားပြီး စိတ်​စွမ်းအား၊ချီစွမ်းအားနဲ့​သွေးသားစွမ်းအင်​​တွေကို စုစည်းလိုက်​ပါတယ်​။
ပြီး​တော့ သူ့ကိုအလယ်​မှာထားပြီး လည်​ပတ်
နေတဲ့အားစက်​ကွင်းကို အပြင်​ဘက်​ကို ချဲ့
လိုက်​ပါတယ်​။

သူ့လက်​ဖဝါးနှစ်​ခုကြားမှာ ပုံမှန်​မဟုတ်​တဲ့
အားလှိုင်းတစ်​ခုတ​ဖြေး​ဖြေး ဖြစ်​​ပေါ်လာပါ
တယ်​။

အဲဒီအားလှိုင်းဖြစ်​​ပေါ်လာတာနဲ့ ပတ်​ဝန်းကျင်
ကို ​လှိုင်းဂယက်ေ​လး​တွေလို လျှင်​မြန်​စွာ
ပျံ့နှံ့သွားတယ်​။

"ဘယ်​လို.."
သူနဲ့မီတာ​ပေါင်းများစွာအကွာမှာ ရပ်​​နေတဲ့
ဇောင်​ဘင်​က စွမ်းအားလှိုင်း​တွေကို အာရုံခံမိ
တဲ့အတွက်​ ချက်​ချင်းမျက်​လုံးပြူးကျယ်​သွား
ပာတယ်​။

"၁ မီတာ..၊ ၂ မီတာ.."
နီယန်​ စိတ်​ထဲက​နေ ​ရေတွက်​​နေပြီး အားစက်​ကွင်းဖုံးအုပ်​ထားတဲ့ အကွာအ​ဝေးကို ​သေချာ
သိပါတယ်​။

အဲဒီအချိန်​မှာပဲ ​ဇောင်​ဘင်​က သူနဲ့ ၅ မီတာ
အကွာအ​ဝေးအတွင်းမှာ ရှိ​နေတာကို သူသိပါ
တယ်​။

ဒါ​ကြောင့်​ နီယန်​က အနည်းငယ်​မျက်​​မှောင်
ကျုံ့လိုက်​ပြီး ​ဇောင်​ဘင်​ကို ထပ်​ပြီး​ဝေး​ဝေး
သွားဆိုတဲ့ အဓိပ္ပါယ်​​တွေပါဝင်​​နေတဲ့ အကြည့်
နဲ့ ကြည့်​လိုက်​တယ်​။

သူ့ရဲ့သတိ​ပေးချက်​ကိုရတဲ့အခါ ​ဇောင်​ဘင်​က
ချက်​ချင်း​နောက်​ဆုတ်​သွားပါတယ်​။

ဇောင်​ဘင်​ရဲ့မျက်​နှာ​ပေါ်မှာ စိုးရိမ်​မှု​တွေ ​ပေါ်
နေပါတယ်​။

အမှန်​တကယ်​​တော့ သူ့ကို နီယန်​သတိ​ပေးစရာ​တောင်​မလိုပါဘူး။အ​ခြေအ​နေကပုံမှန်
မဟုတ်​ဘူးဆိုတာ သိကတည်းက သူကအ​ဝေး
ကိုသွားဖို့ ပြင်​ဆင်​ထားပြီးသားပါ။

လည်​ပတ်​​နေတဲ့အားစက်​ကွင်း တ​ဖြေး​ဖြေး
ကျယ်​လာတဲ့အတွက်​ အဲဒီအားစက်​ကွင်းက
သူ့ကို ဖုံးအုပ်​သွားမှာစိုးတဲ့အတွက်​ ​ကြောက်​ရွံ့
မှု​ကြောင့်​တုန်​လှုပ်​လာပါတယ်​။ပြီး​တော့ သူ့ရဲ့
မသိစိတ်ကလဲ အဲဒီ​နေရာက ​ကြောက်​ဖို့
ကောင်းတယ်​ဆိုတာ ​ပြော​နေပါတယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now