ep 23

48.5K 4.5K 211
                                    

" ရော့ ........... လန်းသွားအောင် ကော်ဖီလေး သောက်လိုက် ''

စားပွဲပေါ်မှာ ကော်ဖီခွက်ချသံနဲ့အတူ ချူး၏ အသံသေးသေးကထွက်ပေါ်လာ၍ ချမ်း,သည် အိပ်ငိုက်နေရာက ချက်ချင်းမျက်လုံးပွင့်လာပြီး ရှက်ကိုးရှက်ကန်းနဲ့ ချူးကိုရယ်ပြမိသွားသည် ။ မရှက်မိရိုးလား ............ ဒီအသက်အရွယ်ကြီးနဲ့ အလုပ်ခွင်မှာ အိပ်ငိုက်တယ်ဆိုတာ တော်ရုံသိက္ခာကျမှုမျိုးမဟုတ် ။

" ကျေးဇူး............. ငါ ဒီနေ့ဘာလို့ ဒီလောက် ငိုက်နေမှန်းမသိဘူး ။ ညက အတွေးနည်းနည်းများပြီး အိပ်ရေးပျက်သွားလို့ထင်တယ် ''

စွဲညို့ကောင်းမှုနဲ့ မနက် နှစ်နာရီကတည်းက နိုးလာတာ မိုးလင်းသည်အထိ ပြန်မအိပ်ဖြစ်ခဲ့တာကို ဖုံးကွယ်ရင်း စကားကိုကြည့်လှအောင်ပြောပြီး ချမ်း,က ရယ်ကျဲကျဲလုပ်နေတော့ ချူးသည် ချမ်း,ကို မျက်စောင်းခပ်နာနာထိုးကာ နူတ်ခမ်းကို တစ်လှံလောက် ထော်လိုက်သည် ။

" ဒီနေ့က  Wednesday 3:30 PM မလို့ လူတိုင်းက အိပ်ငိုက်နေကြတာလား ။ တစ်ရုံးလုံးက မလန်းမဆန်းနဲ့ ။ GM ကိုယ်တိုင်ကလည်း နေ့လည်စာစားပြီးကတည်းက အနားယူနေတယ်လို့ ကြားတယ် ။ အရေးကြီးတဲ့ကိစ္စမဟုတ်ရင် သူ့ရုံးခန်းရှေ့တောင် မဖြတ်နဲ့လို့ သူ့လက်ထောက်ကို မှာထားတယ်တဲ့ ။ သူများဘ၀တွေများကောင်းလိုက်တာနော် ........... ငါတို့ကတော့ သေလောက်အောင် ပင်ပန်းနေရင်တောင် ကော်ဖီလေးတစ်ခွက်လောက်သောက်ပြီး လန်းဆန်းအောင် ပြန်နေရတယ် ။ ပင်ပန်းလို့ အနားယူချင်တယ် ညည်းပြကြည့်ပါလား အချောင်ခိုချင်တယ်ဆိုပြီး ဖြစ်ရော..........''

" ဘာ ......... ဘာရယ်. ............ GM က အနားယူနေတယ် ။ သူ့အခန်းရှေ့တောင် ဖြတ်မလျှောက်နဲ့ ဟုတ်လား..........''

" အွန်း ............ ဒါကြောင့် သူ့လက်ထောက်ခမျာ သန့်စင်ခန်းတောင် မသွားရဲဘူး ။ GM ရုံးခန်းရှေ့က သူ့နေရာမှာ  ရုက္ခစိုးနတ်လိုပဲ ငုတ်တုတ်လေးထိုင်စောင့်နေတာ ''

ချမ်း၏ မှေးစင်းနေသော မျက်ဝန်းအစုံသည် ချက်ချင်းပင်ပြူးကျယ်လာပြီး စိတ်ထဲကနေ စွဲညို့ကို မေတ္တာပို့သမိသွားသည် ။ ဘယ်နှယ့် သူမှာတော့ ငိုက်တစ်ချက် ပြူးတစ်ချက်နဲ့ အလုပ်ခုံမှာ ကြိုးစားထိုင်နေချိန် ဟိုသကောင့်သားက အခန့်သား အနားတောင်ယူနေလိုက်သေးတယ် ။ အိပ်ရေးပျက်ကြတာချင်းတူတူ သူက စည်းစိမ်အပြည့်နဲ့ အနားယူနေတယ် ။ ဒါဆို ငါကျတော့ကော .... ။ မကျေနပ်ဘူး........... ဘယ်လောက်ပဲ လုပ်ငန်းခွင်မှာ အထက်လူကြီးဖြစ်ပါစေဦး သူတို့နှစ်ယောက်ရဲ့ ပက်သက်မှုအရ အနည်းဆုံးတော့ ချမ်း,အနေနဲ့ သူ့ကို ပြသနာရှာ ရစ်လို့ရသေးတယ်လေ ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now