Chapter 13.8.1

10.8K 1.2K 23
                                    

သိပ်​မကြာခင်​မှာပဲ ... Tengda စီအီးအို ဖန်းကျစ်​​ဖေး အဖမ်းခံရတဲ့ဆိုသည့်​သတင်းက နာမည်​ကြီး ဆိုရှယ်​မီဒီယာများနှင့်​ စီးပွား​ရေးသတင်းများတွင်​ ပျံ့နှံ့သွား​တော့သည်​။ 'Magic World'ရဲ့ အရင်​ကနာမည်​ကြီးမှုရယ်​ ... မုန့်​ဝမ်​ ဒီဇိုင်းဆုရ​တော့ လုထု​ရှေ့ချပြတဲ့ pink moment(ရိုပြသည်​)​တွေ​ကြောင့်​​ရော ... ပြီး​တော့ ထိုသူနှစ်​​ယောက်​ရဲ့ ​​အောက်​​ခြေမှ ဟိုးအမြင့်​ထိ​ရောက်​လာတဲ့ ရာထူးအဆင့်​အတန်း​တွေနဲ့ ရှုမငြီးဖွယ်​ရာရုပ်​ရည်​​တွေ​ကြောင့်​ ... ပြည်​သူအများက ဤလူနှစ်​​ယောက်​ရဲ့ ဖြစ်​လာမယ့်​အကျိုးဆက်​​တွေအ​ပေါ် အရမ်းကိုစိတ်​ဝင်​တစားရှိ​နေကြသည်​။

တစ်ခါက​တော့ ... ထိုအတွဲကို ပြည်​သူ​တွေမှ ပါရမီရှင်​စုံတွဲဆိုပြီး ချီးကျူးဂုဏ်​ပြု ကြ​သေး၏၊ ယခုမျက်​​မှောက်​တွင်​ ... ​ကောင်​မ​လေးက မုဒိမ်းမှု, လိမ်​လည်​မှု, အသ​ရေဖျက်​မှုနဲ့ အခြား​သောပြစ်​မှု​တွေ​ကြောင့်​ ​ထောင်​ကျပြီး ... သိပ်​မကြာ ​ကောင်​​လေးကပါ သူမလိုပဲ ဖြစ်​တယ်​ဆို​တော့ကာ၊ သူတို့အ​ပေါ် လူထုအမြင်​က ဒုစရိုက်​သမားအတွဲ ဖြစ်​သွား​တော့သည်​။

သို့​ပေမယ့်​ ... သူတို့နှစ်​​ယောက်​အ​ပေါ် အာရုံစိုက်​မှုက မ​လျော့သွားရုံသာမက၊ တ​နေ့ထက်​တ​နေ့ ထိုးတက်​လာ​ပေ၏။ လူများက ဖန်းကျစ်​​ဖေး အဖမ်းခံရခြင်းရဲ့ အ​ကြောင်းကို စတင်​​မေးခွန်းထုတ်​လာကြသည်​၊ ဒါ​ပေမယ့်​ ထိုကိစ္စက စစ်​​ဆေးဆဲကာလမှာပင်​ ရှိ​နေ​သေးတာ​ကြောင့်​ ... ရဲများသည်​ အ​ကြောင်းအချက်​အလက်​များအား လူသိရှင်​ကြားထုတ်​​ဖော်​ပြသဖို့ အဆင်​မ​ပြေ၍ ... သူတို့ဘက်​ တခွန်းမှတုန့်​ပြန်​ခြင်းမပြု ​ပေ။

ကျိုးယွင်​ရှန့်​က ဖန်းကျစ်​​ဖေးတည်​​ဆောက်​ထားတဲ့ Tengdaရဲ့ ဘဏ္ဍ​ငွေစာရင်းတမ်း၏ လျို့ဝှက်​ကုတ်​အား အ​ကောက်​ခွန်​အရာရှိများ ​ဖော်​ထုတ်​သည့်​အခါတွင်​ ​နောက်​ကွယ်​က တိတ်​တဆိတ်​ ကူညီ​၍ ... Tengda အား ​ချောက်​ကမ်းပါးထိ​ရောက်​​အောင်​ အစွန်းဆုံတွန်းပို့်​​​ပေးသည်​ ... ပြီး​တော့ သူသည်​ တစ်​ဖက်​လှည့်​ကာ စုံစမ်း​ရေးထဲက တစ်​​ယောက်​ရဲ့ ကွန်​ပျူ တာထဲကိုဝင်​၍ ဘ​လော့တွင်​ videoနဲ့ အသံဖိုင်တို့ကို တင်​​လေ၏ ... Caption ​တောင်​ ဤလို​ရေးလိုက်​​သေးသည်​ - အားလုံးပဲ လူ့အ​ရေခွံခြုံထားတဲ့ တိရစ္ဆာန်​​တွေကို တချက်​​လောက်​ ဝင်​ကြည့်​သွားပါအုံး

ကလဲ့စားFOD- Arc13 [မြန်​မာဘာသာပြန်​](Completed)ZawgyiWhere stories live. Discover now