Chapter 13.8.2

11.5K 1.2K 32
                                    

လုပ်​ငန်းရှင်​​တွေသာစီးနိုင်​သည့်​ ကားတစ်​စီးက ပင်​မတရားရုံး​ရှေ့ ဂိတ်​​ပေါက်​ဝသို့ ဆိုက်​​ရောက်​လာ​လေ၏၊ ကားထဲမှ လူနှစ်​​ယောက်​ဆင်းလာပြီး တရားရုံးထဲ ဝင်​သွား​လေသည်​ ... ကျိုးမားမားက​တော့ ​အေး​အေးသက်​သာအမူအယာဖြင့်​ mask အုပ်​ထားသည့်​ မိန်းက​လေးတစ်​​ယောက်​အား လက်​တွဲ၍ သူတို့​နောက်​မှပါလာ၏။ ရုံး​ရှေ့တွင်​ သတင်း​ထောက်​များ ထိုင်​၍ကြည့်​​နေကြသည်​ကို​တွေ​တော့ သူတို့်ကို ​ခေါင်းသာသာညိတ်​ပြီိး​တောင်​ နှုတ်​ဆတ်​​သေးပါ၏။

သတင်း​ထောက်​​တွေက အင်​တာဗျူးရလို့အငှါ သူတို့နား​ပြေးကပ်​ဖို့ ကြိုးစားကြ​သော်​လည်း ... များမကြာမီမှာပင်​ ကိုယ်​ရံ​တော်​များ ​ရောက်​လာပြီး သူတို့ကို ပြန်​တွန်းထုတ်​ကြ​တော့၊ ထိုအဖွဲ့တရားရုံးထဲ ဝင်​သွားသည်​ကို ထိုင်​ကြည့်​​နေရုံမှအလွဲ မရှိ​တော့​ပေ။ ဒီ​နေ့က ဖန်းကျစ်​​ဖေးရဲ့ အမှုကို စစ်​​ဆေးမည့်​​နေ့ဖြစ်​၏။

ဖန်းခွန်းဖိန်​နဲ့သူ့မယားငယ်​တို့က ထိုင်​ခုံဘယ်​ဘက်​ခြမ်း၌ ထိုင်​လျက်​ ... လက်​များကိုဆုပ်​ကိုင်​၍ ... သူတို့နဖူး​ဖြင့်​ ဖိကပ်​ထားကာ နှုတ်​မှတတွတ်​တွတ်​ရွတ်​ဆို​နေကြသည်​၊ သူတို့က ဆု​တောင်း​နေသည့်​ပုံပါပင်​။ ကျိုးမားမားက ခုံတန်းရဲ့ဘယ်​ဘက်​ခြမ်းထိ ​လျှောက်​သွားပြီး​နောက်​ အဲ့မှာ​နေရာယူလိုက်​သည်​ ... ထို့​နောက်​ ခပ်​​ထေ့​ထေ့ပြုံးပြီး ... "ဆု​တောင်း​နေလဲ အပိုပါဘဲ ... ဖန်းကျစ်​​ဖေးရဲ့အပြစ်​​တွေနား​ထောင်​ပြီး ဘုရားသခင်​ရဲ့ နား​တွေ​တောင်​ ညစ်​နွမ်းသွားအုံးမယ်​"

"ရှင်​ တရားလွန်​​နေပြီ​နော်​!" မယားငယ်​သည် မျက်​ရည်​များ တရ​ဟောထွက်​ကျလာ​တော့၏။

ဖန်းခွန်းဖိန်​သည်​ ကြက်​မကြီးမှ ကာကွယ်​အုပ်​ထားသလို သူမအားဖက်​ထား​ပေး​လေသည်​၊ အဲ့ဒီ​နောက်​သူသည်​ ကျိုးယွင်​ရှန့်​ရဲ့ ပျင်းတိပျင်းရွဲ့ အမူအရာအား ခပ်​စူးစူးကြည့်​၍ အသံမာမာဖြင့်​ ​ပြော​လေ၏။ "ဖန်းကျစ်​​ဖေးက ငါကို​ပြောတယ်​ ... အဲ့အသံဖိုင်​က မင်းငှါးထားတဲ့ ဟက်​ကာက ဖန်​တီးထားတဲ့ဟာတဲ့ ... အဲ့တာလိမ်​ဆင်​ကြီး ... ရဲ​တွေ ဘယ်​လုံးမှ စုံစမ်းလို့မရ​အောင်​ လုပ်​ထားတာတဲ့. ငါ ရဲကို ဒီအ​ကြောင်း ​ပြောလိုက်​တာနက်​ သူလွတ်​မှာပဲ!"

ကလဲ့စားFOD- Arc13 [မြန်​မာဘာသာပြန်​](Completed)ZawgyiWhere stories live. Discover now