ep 25

46.5K 4.6K 462
                                    

စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ ယောကျာင်္းတစ်ယောက်နဲ့မအပ်စပ်ကြောင်း စွဲညို့ကိုနားလည်အောင် သွားရှင်းပြချင်မိပေမယ့် အမောင်က သူ့ရဲ့ညီဖြစ်သူ ကောင်းမင်းထက်နဲ့အပေးအယူတွေတည့်နေပြီး ဂိမ်းထိုင်ဆော့နေလေသည် ။ သူတို့ကြားထဲ ၀င်ပါပြီး ဟေးလားဝါးလားလုပ်ချင်ပေမယ့် ဂိမ်းဆို candy crush တောင် အခန်း ၃၀၁ မှာ တစ်ပတ်ကျော် တစ်,နေတဲ့   ချမ်း,နဲ့က အဲ့မှာ စတွေ့တာပဲ ။

အရမ်းအားကိုးရတဲ့ ညီဖြစ်သူကောင်းမင်းထက်ကလည်း ဒီအိမ်ရောက်ကာစက သူ့ကိုအပြည့်အ၀ကာကွယ်ပေးတော့မယ့် ဒီဇိုင်းနဲ့ စွဲညို့ကို ဖြဲခြောက်သွားပေမယ့် လက်တွေ့အခြေအနေမှာတော့ စွဲညို့နဲ့တည့်နေပုံများ ချမ်းကတောင်ဘေးလူဖြစ်သွားလေ၏ ။ ဆက်ဆံရေးညံ့ဖျင်းသည်ဟု ဂုဏ်သတင်းကြီးလှသည့် Crown ၏ GM သည် ယခုသူ့ရှေ့မှာရှိနေတဲ့ စွဲညို့ဆိုတဲ့သူမှ ဟုတ်မှဟုတ်ရဲ့လားဟု သေချာပြန်ကြည့်ယူတဲ့အထိ ။

" မင်းတို့ထမင်းမစားကြတော့ဘူးလား ............ ။ ငါ ထမင်းပြင်ထားတယ်လေ .... တူတူစားရအောင်နော် ''

အမေက သားတွေကိုထမင်းစားဖို့ ခေါ်သလို ခယပြီးခေါ်နေပေမယ့် စွဲညို့နဲ့ကောင်းမင်းထက်က တုတ်တုတ်မျှပင်မလှုပ်ဘဲ သူတို့ချင်းသာပြောနေကြသည် ။ ချမ်း အတတ်နိုင်ဆုံး စိတ်လျှော့ကာ နောက်တစ်ဖန်ထပ်ပြောလိုက်သည် ။

" မင်းတို့နှစ်ယောက်လုံးအတွက် ထမင်းဝိုင်းကို သေချာပြင်ထားပေးပြီးပြီမို့ လက်တင်စားရုံပဲကျန်တာ ။ ဂိမ်းကို ခဏရပ်ထားလေကွာ...............''

" ကိုကိုစားထားနှင့် ........ ကျွန်တော်နဲ့ ယောက်ဖက မဆာသေးလို့ နောက်မှစားမယ် ''

ဘာကြီး................ ။ တဆိတ်လောက် .......... သူနားကြားမှားတာလား ။ အခု ကောင်းမင်းထက်က စွဲညို့ကို ဘယ်လိုခေါ်လိုက်တယ် ။

" မင်း ............... မင်း သူ့ကို ယောက်ဖလို့ခေါ်လိုက်တာလား ။ မင်းကို ဘယ်သူသင်ထားပေးတာလဲ ။ ပြောတော့ သူ့ကိုစစ်ဆေးဖို့ လာတာဆို ။ ဒါကို ဘယ်နှယ့်ကြောင့် သူ့ဖက်ကို ချက်ချင်းရောက်သွားရတာလဲ ........ ပြောစမ်း ''

ရှူးရှူးရှဲရှဲနဲ့ နူတ်ခမ်းကြီးတဆူဆူဖြစ်လာသည့် ချမ်းရဲ့ပုံစံလေးကြောင့် စွဲညို့သည် မရယ်မိအောင် အံကိုမနည်းတင်းထားပြီး အောက်နူတ်ခမ်းကိုဖိကိုက်ထားလိုက်သည် ။ သို့သော် မျက်လုံးထောင့်စွန်းတွေက ကော့တက်နေပြီး မျက်ခုံးနှစ်ဖက်က လှုပ်စိလှုပ်စိဖြစ်နေ၍ သူဘယ်လောက်ထိ ချမ်းကို ရယ်ချင်နေမှန်း သိသာလှ၏ ။ ကောင်းမင်းထက်ကတော့ စွဲညို့ဖက်က အသေခံတပ်သားဖြစ်သွားတဲ့ ဒီဇိုင်းနဲ့ ဂိမ်းစက်ကို ရင်ဝယ်ပိုက်ပြီး သူ့အကိုကို မျက်မှောင်ကုပ်ကြည့်လိုက်သည် ။

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now