11.8

13.3K 1.5K 35
                                    

11.8

အဖွဲ့သားတွေက သစ်တော အနေအထား ထူထပ်မှုကို အသုံးပြုပြီး မြစ်ကို ရှာခဲ့တယ်။ ဘာလို့ဆို သူတို့ ယခင် ကိုဩဒိနိတ်တွေကို မှတ်မိနေပြီး သွားရမဲ့နေရာကို ယေဘုယျအားဖြင့် သိနေတယ်။ အဲဒါကြောင့် သူတို့က ကိုဩဒိနိတ်တွေအတိုင်း မြစ်တလျှောက် သွားခဲ့တယ်။

ဒီဂြိုဟ်ရဲ့ တွင်းထွက်ပစ္စည်းတွေက အရမ်းကြွယ်ဝတဲ့ အတွက် အင်ပါယာ ကနေ ဂြိုဟ်တုတွေ အမြောက်အများ သုံးပြီး စစ်ဆေးစောင့်ကြည့်နေတယ်။

စစ်တပ်အနေနဲ့ကလဲ ဒီဂြိုဟ်တုတွေ အသုံးပြုပြီး ဇာ့ဂ်တွေရဲ့ လှုပ်ရှားမှုကို အချိန်မရွေး စုံစမ်းနိုင်ပြီး အမြစ်ဖြတ် ချေမှုန်းနိုင်တယ်။

ဒါပေမဲ့ ကျောင်းအနေနဲ့ အဲလိုလုပ်တာကို တားဆီးထားတယ်။ ဘာလို့ဆို သူတို့တွေ အနေနဲ့ မည်သည့် ပတ်ဝန်းကျင်မှာမဆို အသက်ရှုင်နိုင်တဲ့ ထူးချွန်တဲ့ ကျောင်းသားတွေ ကို အလိုရှိတာ ဖြစ်တယ်။

အစကတည်းက တင်းကြပ်တဲ့ စံနမူနာတွေနဲ့ ကန့်သတ်ခြင်းက သူတို့တွေကို တကယ့်တိုက်ပွဲတွေကို အနိုင်ရပြီး အသက်ရှင်ကျန်စေလိမ့်မယ်။

ယခု ဖြေဆိုသူတွေရဲ့ terminal ကိုယ်စီက ဆက်သွယ်လို့ရတဲ့ လုပ်ဆောင်ချက်ပဲ ကျန်ရှိနေပြီး ကျန်ရှိတဲ့ ခလုတ်တွေက အလုပ်မလုပ်တော့ပေ။

" ခဏ ... ပန်းအသွင် ရှိခိုးကောင် သုံးကောင် နာရီလက်တံ 2 ချက်ကနေ ချည်းကပ်လာနေတယ်။ အဆင်သင့်ပြင်ထား "

ကျိုးယွင်ရှန့်က သေနတ်ထုတ်ပြီး အဆင့်သင့် အနေအထားနဲ့ ရပ်နေလိုက်တယ်။

အဖွဲ့သားတွေက တိုက်ပွဲပုံစံ ပုံဖေါ်လိုက်တယ်။ ဒါပေမဲ့ မိနစ်ဝက်ကြာတဲ့အထိ သူတို့က ဘာလှုပ်ရှားမှုမှ မမြင်ရတဲ့အခါ ဒါရန်ဆီ ကြည့်လိုက်ကြတယ်။

ပန်းအသွင် ရှိခိုးကောင်တွေက အကောင်းဆုံး လေသင်္ဘောနဲ့ ယှဉ်နိုင်လောက်အောင် အရမ်းမြန်တယ်လို့ အကုန် သိတယ်။

စိတ်စွမ်းအင်နဲ့ သူတို့ကို ခြေရာခံမိတာနဲ့ သူတို့ဟာ မင်းရှေ့မှောက်ကို နောက်တစက္ကန့်မှာ ရောက်လာလိမ့်မယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now