အခန်း(၁၆၈)ရှေးကျတဲ့ကြယ်အပိုင်းအစနန်းတော်

811 122 0
                                    



ဝှစ်​..!..ဝှစ်​..!

ကျယ်​ပြန့်​တဲ့နန်း​တော်​ခန်းမထဲမှာ အစွမ်းထက်​တဲ့ပညာရှင်​​တွေတစ်​​ယောက်​ပြီးတစ်​​ယောက်
ရောင်​စုံပူ​ပေါင်း​တွေနဲ့အတူ ​ပေါ်လာကြပါတယ်​။

သူတို့ထဲက အများစုက​ကောင်းကင်​နဲ့မဟာ
ကောင်းကင်​အဆင့်​ကျင့်​စဉ်​​တွေဖြစ်​ပြီး​တော့
အခြားနယ်​ပယ်​နှစ်​ခုမှာ ​ပေါ်လာကြပါတယ်​။

ခဏ​လောက်​အာရုံစိုက်​ကြည့်​လိုက်​တဲ့အခါ
ကောင်းကင်​အဆင့်​လူ​တွေအတွက်​ နယ်​​မြေမှာ
၆ ​ယောက်​နဲ့ မဟာ​ကောင်းကင်​အဆင့်​လူ​တွေ
အတွက်​ နယ်​​မြေမှာ မိုင်​အိုချန်းနဲ့တန်​ယန်း
အပါအဝင်​ ၈ ​ယောက်​ရှိ​နေပါတယ်​။

သူတို့တစ်​​ယောက်​ချင်းဆီရဲ့ လက်​ခုံ​ပေါ်မှာ
ကောင်းကင်​မီးပွား ၁၀ ခုဆီ​လောက်​ရှိကြပါ
တယ်​။

သူတို့အားလုံး ပြင်းထန်​တဲ့တိုက်​ပွဲ​တွေ တိုက်
ခိုက်​ခဲ့ကြရမယ်​ဆိုတာ ​သေချာပါတယ်​။သူတို့ရဲ့
အောင်​မြင်​မှုက များပြားလှတဲ့အ​လောင်း​တွေ
ပါ။

အမှန်​အတိုင်း​ပြောရရင်​​တော့ မီး​ကောင်းကင်
နိုင်​ငံက​နေ ​ရှေးကျတဲ့နန်း​တော်​ဆီကို ​ရောက်
လာခဲ့တာဆိုလို့ နီယန်​တစ်​​ယောက်​ပဲရှိပါတယ်​။

အခြားသူ​တွေက​​တော့ မြို့ပျက်​ထဲကတံခါးကို
တောင်​ မဝင်​နိုင်​ကြပါဘူး။

နီယန်​က မျက်​​မှောင်​ကျုံ့လိုက်​ပြီး
"မီး​ကောင်းကင်​နိုင်​ငံက ငါတစ်​​ယောက်​တည်း
ပါလား.."

ခဏ​လောက်​ကြာတဲ့အခါ နန်း​တော်​ခန်းမထဲက
နယ်​​မြေ ၃ ခုမှာ အသစ်​​ရောက်​လာတဲ့လူမရှိ
တော့ပါဘူး။

နီယန်​နဲ့ကြားထဲမှာ ​ကောင်းကင်​အဆင့်​နယ်​​မြေ
ခြား​နေတဲ့အတွက်​ တန်​ယန်းက သူ့သား​ကောင်
ကို​ချောင်း​နေတဲ့ကျားတစ်​​ကောင်​လို နီယန်​ကို
ခဏခဏလှမ်ြး​ကည့်​​နေပါတယ်​။

ဒါ​ပေမယ့်​ အဲဒီ​ရောင်​စုံအလင်းမြစ်​​တွေကို
ဖြတ်​ဖို့မလွယ်​ဘူးဆိုတာ သူလဲသတိထားမိပုံ
ရပါတယ်​။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Where stories live. Discover now