အခန်း(၁၇၄)ပြင်းထန်တဲ့တိုက်ပွဲ

861 109 0
                                    



ဝူလင်​ရဲ့ဘယ်​လက်​​ပေါက်​ကွဲသွားတာနဲ့ အရိုးစ
လေး​တောင်​မကျန်​​တော့ပဲ ဝူလင်​ပိုင်​​ဆိုင်​ထား
တဲ့ ​ကောင်းကင်​မီးပွား ၁၈ခုကလဲ ချက်​ချင်း
ပျံသန်းလာပြီး နီယန်​ရဲ့​ကောင်းကင်​တံခါးပုံစံ
လေးထဲကို ဝင်​သွားပါတယ်။

ကောင်းကင်​မီးပွား​လေး​တွေ သူ့လက်​ထဲကို
ဝင်​လာတာနဲ့ နီယန်​စစ်​​ဆေးကြည့်​လိုက်​တဲ့
အခါ သူတို့ထဲမှာ များပြားလှတဲ့ ​ရှေးသ​င်္ကေတ
တွေကို ​တွေ့လိုက်​ရပါတယ်​။

"ဝူလင်​.."
နီယန်​ ပတ်​ပတ်​လည်​ကိုလိုက်​ကြည့်​​ပေမယ့်
ဝူလင်​ရဲ့အရိပ်​​အ​ယောင်​ကိုမ​တွေ့ရဘဲ သူ့ရဲ့
စိတ်​စွမ်းအားကလဲ ဝူလင်​​ရဲ့တည်​ရှိမှုကို ရှာလို့မရ​တော့ပါဘူး။

"သူထွက်​သွားပြီလား.."
နီယန်​က တစ်​​ယောက်​တည်းစိတ်​ရှုပ်​စွာ
တွေးလိုက်​တယ်​။

သေ​သေချာချာရှာပြီးသွားတဲ့အခါ နန်း​တော်​ထဲ
က​နေ ဝူလင်​လုံးဝ​ပျောက်​ကွယ်​သွားပြီဆိုတာ
နီယန်​​သေချာသိလိုက်​ပါတယ်​။

ကြည့်​ရတာ ဝူလင်​က​ရှေးကျတဲ့ကြယ်​အပိုင်း အစနန်း​တော်​ရဲ့လျှို့ဝှက်​ချက်​​တွေကို သိထားပုံ
ရပါတယ်​။သူ နီယန်​ရဲ့​ဒေါသလက်​သီးက​နေ
မလွတ်​​မြောက်​နိုင်​​တော့တာကိုသိတာနဲ့ သူ့ရဲ့
လက်​ကိုအဆုံးခံဖို့ ဆုံးဖြတ်​ခဲ့ပါတယ်​။

သူ့လက်​​မောင်းက​နေ လက်​ပြတ်​ထွက်​သွားတာ
နဲ့ အမည်​မသိအားတစ်​ခုက သူ့ကို ​ရှေးကျတဲ့
ကြယ်​အပိုင်းအစနန်း​​တော်​က​နေ ဆွဲထုတ်​သွား
ပုံရပါတယ်​။

ဘာ​တွေဖြစ်​​နေတယ်​ဆိုတာ ​ကောင်း​ကောင်း
နားလည်​လာတဲ့အခါမှာ​တော့ နီယန်​က ဝူလင်
ရဲ့လုပ်​ရပ်​အတွက်​ ​လေးစားသွားမိပါတယ်။
"သူကတကယ်​ဆုံးဖြတ်​ချက်​ပြတ်​သားတာပဲ။."

ဘယ်​လိုပဲဖြစ်​ဖြစ်​ ​သေ​ရေးရှင်​​ရေးကြုံလာတဲ့
အခါ ဆုံးဖြတ်ချက်ရှိရှိ​​​​ကိုယ့်​လက်​ကိုဖြတ်​ပစ်​ရဲတဲ့လူဆိုတာ လက်​ချိုး​ရေလို့ရပါတယ်​။

အများစုက​တော့ အဲဒီလိုအ​ခြေအ​နေမျိုးမှာ
ုမလုပ်​နိုင်​ကြပါဘူး။

 LORD OF ALL REALMS (လောကအားလုံးရဲ့သခင်)Wo Geschichten leben. Entdecke jetzt