11.14

12.8K 1.5K 16
                                    

11.14

ဒါရန် ထွက်သွားပြီးတဲ့နောက်မှာ အနက်နဲ့ရွှေရောင် စပ်ထားတဲ့ ယာဉ်တစင်းက ပင့်ကူအိမ်တွေရဲ့ အပြင်ဘက်မှာ ဆင်းသက်လာတယ်။ အော့စ်ဘွန်းက ယာဉ်တံခါးကို ဖွင့်လိုက်ပြီး မီတာအမြင့်ကြီးကနေ ခုန်ဆင်းလာတယ်။

သူ အစက စီးလာတဲ့ ကြယ်သင်္ဘောက ခရီးတစ်ဝက်မှာ စွမ်းအားကူးပြောင်းရေး ပစ္စည်း ပျက်စီးခဲ့တယ်။ စီရှယ်နဲ့ တခြားသူတွေရဲ့ ဘေးကင်းမှု သေချာစေဖို့ သူက ကြယ်သင်္ဘော နဲ့ အဖွဲ့သားတွေကို စွန့်ခွာလိုက်ပြီး သူ့ကိုယ်ပိုင်ယာဉ်နဲ့ တစ်ယောက်တည်း ထွက်လာခဲ့တယ်။ သူက စီရှယ်ရဲ့ တိုက်ပွဲတစ်ခုလုံးကို ယာဉ်မောင်း နေရာကနေ မြင်နေခဲ့ရတယ်။

သူ့ရဲ့ ဓားလှုပ်ရှားမှုက သန်မာတဲ့ လေလို ပြီးတော့ မိုးကြိုးသွားတွေလိုမျိုး အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းပြီး သွေးသံရဲရဲ မြင်ကွင်းကို လှပတဲ့ အနုပညာအဖြစ် ပြောင်းပစ်နိုင်လေတယ်။ ဖုန်မှုန်တွေ ကင်းရှင်းသွားတဲ့အခါ သူက ပင့်ကူကျောဘက်မှာ တည်ငြိမ်တဲ့ အပြုံးနဲ့ ရပ်နေတယ်။

အဲဒီမြင်ကွင်းက အော့စ်ဘွန်းရဲ့ နှလုံးကို ကျည်ဆံထိမိသွားသလိုပဲ .....

သူ့အသက်ရှုနှုန်းတွေ မြန်လာပြီး နှလုံးခုန်နှုန်းတွေကလည်း အစီအစဉ် မကျတော့ပေ။ သူက screen ပေါ်ကနေ ဆယ်ကျော်သက်ကောင်လေးကို သူကိုယ်တိုင်တောင် သတိမပြုမိဘဲ စွဲလမ်းစွာ ငေးကြည့်နေမိတယ်။

သူက ပင့်ကူအိမ်အဖျားဆီ သွားလိုက်ပြီး အသံသြသြနဲ့မေးလိုက်တယ်

" စီရှယ် အဆင်ပြေရဲ့လား။ ဒဏ်ရာ ရတဲ့သူရော ရှိသေးလား "

" အကုန် အဆင်ပြေပါတယ်။ အခုက ဒီ ပင့်ကူအိမ်တွေ အရည်ဖျော်ပြီး ကျွန်တော်တို့ အပြင်ထွက်ရဖို့ပဲ ကျန်တော့တာ"ယွင်ရှန့်က ပင့်ကူကျောပေါ် ခြေချိတ်ထိုင်ရင်း လက်ပြ ပြောလိုက်တယ်။

" ခဏလောက် စောင့်ရင် ကယ်ဆယ်ရေး အသင်း ရောက်လာတော့မှာ။ သူတို့မှာ အရည်ပျော်စေနိုင်မဲ့ ဆေးပါလောက်တယ်" အော့စ်ဘွန်းက မတ်တပ်ရပ်နေဆဲဖြစ်ပြီး ကောင်လေးဆီကနေ အကြည့်မလွဲနိုင်ပေ။ တကယ်တော့ သူ့ဆီမှာ အရည်ပျော်ဆေး ပါပေမဲ့ သူက ထုတ်ပေးဖို့ ဆန္ဒမရှိပေ။ ဘာလို့ဆို စီရှယ်နဲ့ ကြာကြာ အတူရှိနေချင်လို့ ဖြစ်တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now