ချန်းယောလ် နိုးလာတော့ ဆယ်ဟွန်းက ရင်ခွင်ထဲမှာ...။
ရင်ခွင်ထဲကို ဆယ်ဟွန်း ဘယ်လိုရောက်နေလဲ မတွေးနဲ့ပဲ ရခဲတဲ့ အခွင်းအရေးကို အရယူပြီး တင်းတင်းကြပ်ကြပ် လေးဖက်လိုက်သည်။
မနေ့ညက အကြောင်းကို ပြန်စဉ်းစားကြည့်လိုက်တော့ ဆိုဂျုးတွေ အများကြီးသောက်ပြီး ဆယ်ဟွန်း အိမ်ကို သွားခဲ့သည် ထင်သည်။
မနေ့ညက ဆယ်ဟွန်း ဘယ်လောက်တောင် အရစ်ခံလိုက်ရမလဲ...။
ဒါပေမဲ့ မနေ့က အိမ်မက်ကတော့ အရမ်းလှခဲ့တာ...။
ဆယ်ဟွန်းနှုတ်ခမ်းပါးပါးလေးကို အရသာ ရှိရှိသုံးဆောင်နိုင်ခဲ့သည်။
ဘယ်လောက်တောင် နူးညံနေသလဲဆိုရင် အပြင်မှာပါ တကယ် နမ်းမိနေတဲ့ အတိုင်း။
အနမ်းတွေသာ တကယ် အစစ်ဖြစ်ခဲ့မယ်ဆိုရင်..
ထိုအချိန်မှာပဲ ရင်ခွင်ထဲက လွန့်လူးလာတဲ့ ဆယ်ဟွန်းကြောင့် မျက်လုံးကို အမြန် ပြန် ပိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်ရသည်။
*ဟိုက် ဒုက္ခပဲ မနေ့ညက ချန်းယောလ် ရင်ခွင်ထဲ အိပ်ပျော်မိသွားတာပဲ *
အနမ်းယာဉ်ထဲ စီးမြော သွားတဲ့ အကျိုးကျေးဇူးကတော့ ဘယ်အချိန်မှာ အိပ်ပျော်သွားမှန်းမသိတာပါပဲ။
ဆိုလိုချင်တာက အိပ်ပျော်သွားတဲ့အချိန်ထိ နမ်းနေတယ်လို့လေ။
ပြန်တွေးမိလိုက်တော့ မျက်နာတစ်ခုလုံး ထူပူသွားရကာ ချန်းယောလ် ရင်ခွင်ထဲ က ရုန်း ထွက်ရင်း ရေချိုး ခန်းထဲ ပြေးဝင်လိုက်သည်။
ဘေစင်ရှေ့မှာ ရပ်နေရင်း မှန်ထဲက ကိုယ့်မျက်နာကို မကြည့်ရဲအောင် ဖြစ်ရသည်။
မျက်နာ တစ်ခုလုံးနီရဲနေအောင်ရှက်နေတာ အပျိုဖြန်းလေး တစ်ဦးလိုပင်။
အချိန်အတော်ကြာ စိတ်တည်ငြိမ်အောင် လုပ်ပီးမှ မျက်နာသစ်ပီး ချန်းယောလ်ကို နှိုးလိုက်သည်။
ဘုရားသကြားမလို့ မနေ့က အကြောင်းကို ချန်းယောလ် မေ့နေပါစေ။
"ချန်းယောလ် ဟေ့ကောင် ထ..ထလို့ "
"ဘာလဲ ဆယ်ဟွန်းရာ အိပ်ကောင်းနေတာကိုကွာ..."
YOU ARE READING
F R I E N D Z O N E💩
Romanceသူငယ်ချင်းလေးပါပဲ... သူငယ်ချင်းလေးပဲတဲ့ကွယ်... ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါနဲ့ ချစ်ရသူလေး..☹ ချစ်တော့ချစ်တယ်...ဒါပေမဲ့ သူငယ်ချင်းပဲတဲ့😌
