အခန်း၁ - ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးကို အိမ်ပြန်ခေါ်မယ်

39.8K 1.5K 78
                                    

လူတိုင်းက တစ်ခြားလူတစ်ယောက်ကို ချစ်ကြတဲ့အခါ သူတို့တတ်နိုင်တာကို အကောင်းဆုံးကြိုးစားကြတယ်။

ဒါပေမယ့် မကြာခဏဆိုသလိုတော့ မကြိုးစားနေကြပါ။

တစ်ခါတစ်လေ "ငါမင်းကိုချစ်တယ်" လို့ပြောဖို့တောင် မေ့နေတတ်ကြပါတယ်



လုကျင်းညန် ရဲ့ ဖုန်းအလန်းမြည်လာတဲ့အခါ ပထမဆုံးနိုးလာသူက ချောင်အန်းဟောင် ဖြစ်သည်။

ဘေးကိုစောင်းရင်းသူမနားလည်လိုက်သည်မှာ လူဂျင်းနီယန်ရဲ့လက်မောင်းထဲမှာ အိပ်ပျော်ခဲ့ခြင်းဖြစ်သည်။

၂စက္ကန့်ကြာပြီးနောက် မနေ့ညကအဖြစ်အပျက်များကို မှတ်မိလာခဲ့သည်။

ကြောက်ကြောက်လန့်လန့်ဖြင့် သူမအိပ်ရာပေါ်မှ ပြေးဆင်းပြီး အိမ်သာထဲကိုဝင်ခဲ့သည်။

ဖုန်းအလန်းမြည်သံနှင့် ချောင်အန်းဟောင်ရဲ့အားမာန်ပါသောလှုပ်ရှားမှုများကြောင့် လုကျင်းညန်တစ်ယောက်နိုးလာခဲ့လေသည်။

သူမျက်လုံးဖွင့်လိုက်တဲ့အချိန် ပထမဆုံးမြင်လိုက်ရသည်မှာ အိမ်သာထဲတွင်ချော်လဲနေသော ချောင်းအန်ဟောင်ပင်။

ဖျတ်ခနဲအကြည့်ုဖြစ်ခဲ့သော်လည်း သူမ၏နူးညံ့ပြီးဖြူဖွေးသောအသားရေပေါ်တွင် နမ်းထားသည့်မာကင်ရာများနှင့် တစ်ကိုယ်လုံးအဝတ်ဗလာဖြစ်နေသော သူမကိုထင်ထင်ရှားရှားမြင်လိုက်ရ၏ ။

အရင်ညကအဖြစ်အပျက်များကို သူပြန်မြင်ယောင်ခဲ့သည်။

ချောင်အန်းဟောင်သည် သူ့အကျီင်္ိများကိုဖြည်းဖြည်းချင်းချွတ်လျက်၊ တယုတယပွတ်သပ်လျက်၊ နမ်းလျက် လက်မောင်းများထဲသို့ တက်ခဲ့သည်။

လုကျင်းညန်၏မျက်ခုံးများ နဖူးရေတွန့်သွားသည်။ အခန်းအနှံ့ကြည့်လိုက်ရာ သူသည် အိပ်ရာပေါ်တွင်အရူပ်တစ်ခုကို ဖန်တီးခဲ့လေသည်။

နီးကပ်စွာ ရူပ်ထွေးငြိတွယ်နေသော အမျိုးသား အမျိုးသမီးဝတ်ညဝတ်အကျီင်္ီများ ၊ အိပ်ရာခင်းပေါ်တွင် စွန်းထင်းနေသော အနီကွက်ငယ်တစ်ခု ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now