အခန်း ၅ - ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးကို အိမ်ပြန်ခေါ်မယ်

8.9K 948 13
                                    

လွန်ခဲ့သော ၃လက မှတ်ဉာဏ်များ ပြန်ပေါ်လာခဲ့သည်။ သူ့အိပ်ရာပေါ်ကို တက်ပြီးနောက် လုကျင်းညန်အိပ်ရာပေါ်ကို တက်ခဲ့မိခြင်းကြောင့် လည်ပင်းညှစ်ခံခဲ့ရသည့်မြင်ကွင်းကို မှတ်မိခဲ့၏ ။

"ချောင်အန်းဟောင် မင်းငါနဲ့ကစားဖို့ကြိုးစားနေတာလား?"

"ကောင်းတယ် ချောင်အန်းဟောင်။ မင်းက ကစားချင်တာပေါ့။ ငါအပြီးထိ ကစားပေးမယ်။ "

တူများကိုဆုပ်ကိုင်ထားမှုက မရယ်ရွယ်ဘဲ တင်းကျပ်သွားစေခဲ့သည်။ အဲဒီနောက် နှလုံးမှာ တဒိန်းဒိန်းခုန်လာခဲ့၏ ။

ထိုနေ့က ယင်းကဲ့သို့စကားများပြောထွက်ခဲ့သည်အထိ လုကျင်းညန် သူမကို အလွန်စိတ်ဆိုးဒေါသထွက်ခဲ့သည်။

လွန်ခဲ့သော၃လကြာအောင် သူမ သူ့ကိုရှောင်နေခဲ့လေသည်။ သူမကြိုးစားရှောင်နေခဲ့ပေမယ့် နောက်ဆုံးထိ သူနှင့်ဆုံနေရသေးသည်။

ကောင်းမွန်သင့်တော်သော အနက်ရောင်ဝတ်စုံကို ဝတ်လာတဲ့ လုကျင်းညန်၏ ရှည်ပြီးသေသပ်ကြော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်က ထင်းနေစေခဲ့၏ ။

ခန်းမထဲရှိ တောက်ပသောအလင်းရောင်များက သူ့မျက်နှာပေါ်သို့ ကျရောက်သွားသောအခါ သူ့ရဲ့အလွန်ချောမောသောမျက်နှာသွင်ပြင်များမှာ သုံးဘက်မြင်ဖြစ်လာခဲ့သည်။

သူ့ရဲ့နှာခေါင်းချွန်ချွန် နူတ်ခမ်းပါးပါး မျက်ခုံးထူထူတို့သည် ပေါ်လွင်နေခဲ့သည်။

ဖျော်ဖြေရေးလောကသည် ကြည့်ကောင်းသောလူများဖြင့် ပြည့်နှက်နေသည်။

လူအုပ်ထဲမှာ သာမာန်မတ်တပ်ရပ်နေသော လူတစ်ယောက်ကိုလည်း လွယ်လွယ်ကူကူ ရွေးထုတ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ လုကျင်းညန်မှာ ထိုကဲ့သို့မဟုတ်ပေ။

ဘယ်နေရာသွားသွား လွယ်လွယ်လူရှိန်စေချက်၊ လူအများ၏အာရုံကို ဖမ်းစားနိုင်သော ပြိုင်စံရှား
သြဇာတိက္ကမနှင့်ပြည့်စုံမှုကို ပိုင်ဆို်ထားလေ၏ ။

သူရောက်ရှိသော မိနစ်ပိုင်းမှာတင် တစ်ခန်းလုံးငြိမ်သက်သွားသည်။ သူ စစမြင်သည့်လူမှာ 'အချိန်လွန်သို့' ကို ရိုက်ကူးမည့် ဒါရိုက်တာပင်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now