အခန်း ၈ - ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးကို အိမ်ပြန်ခေါ်မယ်

7.8K 834 3
                                    

" လတောင်" ရှောင်မန်းဟာ အံ့သြသွားပြီး မျက်လုံးပါကျယ်သွား၏ ။

"မချောင်အန်းဟောင်... နင်က သူ့မိန်းမလား? သူ့အပျော်မယား လား? မဟုတ်ဘူး။

သခင်မကတောင် နင်က အပျော် မယား တစ်ယောက်ထက်တောင် ပိုဆိုးတယ်။

အပျော်မယားကတောင် အခွင့်အရေးတွေရဦးမယ်။ ဒါပေမယ့် နင်သူ့ဆီက ဘာတွေများ ရပိုင်ခွင့်တွေခံစားခဲ့ရသလဲ? နင်ဝတ်ထားတာတွေ ကြည့်စမ်း။ သောင်းဂဏန်းလောက်ပဲရှိတယ်။

သူပိုင်တဲ့ရုပ်ရှင်အဖွဲ့အစည်းအင်အားနဲ့ဆိုရင် နင့်ကို ရုပ်ရှင် star တစ်ယောက်ဖြစ်အောင် လွယ်လွယ်ကူကူ လုပ်ပေးနိုင်တယ်နော်။

အခုကြည့်စမ်း! 'အချိန်လွန်' မှာ ဘာမဟုတ်တဲ့မထက်မရှားဇာတ်ကောင်နေရာ ပေးစရာလား"

ချောင်အန်းဟောင်မှာ ဆိတ်ဆိတ်ငြိမ်ခဲ့သည်။ ရှောင်မန်းပြောသမျှစကားလုံးတိုင်းက သူမနှလုံးသားကို မြားစိုက်စေခဲ့သည်။

သူမဟာ အပျော်မယားတစ်ယောက်ဆိုးဝါးခဲ့သည်မှာ အမှန်ပင်။

အပျော်မယားတစ်ယောက်အနေနဲ့ ယောကျာ်းနဲ့အိပ်ပါက အနည်းဆုံးထိုယောကျာ်းရဲ့ စိတ်ဝင်စားမှုကိုခံရဦးမည်။

အခုတော့ လုကျင်းညန်မှာ သူမ သူနှင့်အိပ်ခဲ့တာတောင် ဒေါသထွက်ခဲ့၏ ။

ချောင်အန်းဟောင် မှာ ကော်ဖီခွက်ကို မပြီး အလျင်စလို မော့သောက်ခဲ့သည်။ နာကြဉ်းခါးသီးမှုများကို မျိုသိပ်လျက်...။

ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် တစ်ခြားလူတစ်ယောက်အကြောင်းစကားပြောနေသကဲ့သို့ ပြောခဲ့သည်။

"ငါတို့က အတင်းအကျပ်မိဘတွေတိုက်တွန်းလို့ လက်ထပ်ထားကြတာ။ ဘာခံစားချက်မှမရှိဘူး။ စကားပြောနည်းကြကတာလည်း သာမာန်ပဲ။"

ရှောင်မန်း နှင့် ချောင်အန်းဟောင်တို့မှာ ငယ်စဉ်ကတည်းကပင် သိခဲ့ကြပြီး အချင်းချင်း တစ်ယောက်အကြိုက်တစ်ယောက်၊ တစ်ယောက်ဝါသနာတစ်ယောက် ကွဲပြားခဲ့ကြသော်လည်း သူတို့ကြားတွင် အလွန်ရင်းနှီးသော ခင်မင်မှုရှိခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now