AN

31.5K 1.6K 328
                                    


ပြီးသွားပြီဆိုတော့ မအောင့်ထားနိုင်လို့ ပြောရဦးမယ် ။ ဘာလို့ တစ်ယောက်လေးတောင်မှ feedback မချန်ထားကြတာလဲဟင် 😂 ။ အရင်ကဆို အနည်းဆုံး fic ပြီးသွားတာနဲ့ fb ဆယ်ခုလောက်ကတော့ မြင်ရသေးတယ် ။

ဒီနေရာမှာ ကိုယ်လိုချင်တဲ့ feedback အကောင်းတွေချည်းမဟုတ်ပါဘူး ၊ ကိုယ့်ရဲ့လိုအပ်ချက်တွေရယ် ပြင်သင့်တာတွေရယ် အကြံပေးတာတွေရယ်ပါ ။ ပြီးတော့ ဒီ fic ပြီးတဲ့အထိ ခံစားရတဲ့ feeling လေး...  ဟာသတွေမပြောတတ်ပေမယ့် တော်တော်များများကို ပြုံးမိစေမယ်လို့ ထင်ပါတယ် ။ ဘာလို့ အတင်းကြီး fb တောင်းရတာလဲဆို ခုနောက်ပိုင်း ကိုယ်အရင်လို စာမရေးနိုင်တော့လို့ပါ။ အရင်ကဆို အလုပ်တစ်ဖက်နဲ့တောင် daily update နိုင်ပေမယ့် ခုနောက်ပိုင်း အစစအရာရာ ပင်ပန်းနေသလို ခံစားရလို့ ။ ဒါပေမယ့် စာရေးရတာကတော့ မပင်ပန်းပါဘူး ။ ဘာဆက်ရေးရမှန်းမသိဘဲ ဝေလေလေဖြစ်နေလို့ပါ ။

ဒါပြီးရင် စာရေးတာ ခဏလေးနားမှာမလို့ ကြားထဲ မေ့မသွားကြနဲ့နော် 😁။ အကြာကြီးတော့မဟုတ်ပါဘူး တကယ့်ကို လပိုင်းလေးပါ ။

Extra လား.. လာမတောင်းနဲ့ ။ reta က ချေတယ် 😌 ။ ပေါ့ပေါ့ပါးပါးလေးမကြိုက်ဘူးဆို နောက်ခါ ဆီတွေဆားတွေနဲ့ လေးလေးရေးပေးမယ်နော် ။ မနောက်ဘူးအတည် ။ plot က ခေါင်းထဲမှာရှိပြီးသား လက်က မရေးချင်သေးလို့ ။ ဒါကြောင့် ဒီတစ်ခါ reta ပြန်လာရင် ရှင်လေးတို့ ချောင်းရိုက်ဖို့ တုတ်တစ်ချောင်းသာဆောင်ထား ။ ဒီလူက ပိုးစိုးပက်စက် ဒရာတွေခင်းမှာမလို့ ။

ဟော..... ဒီအထိဖတ်ပြီးတာတောင် feedback ရေးဖို့ စာလုံးရှာမရသေးဘူးပေါ့ ။

ဒါဆို ဖတ်မိသမျှထဲမှာအကြိုက်ဆုံး စာတစ်ကြောင်း ဒါမှမဟုတ် အကြိုက်ဆုံးအပိုင်းကို တစ်ကြောင်းလေးပဲ ရေးပေးခဲ့နော်။

လိမ်မာတယ်လေးနော်.... 😘😘



Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now