အပိုင်း ( ၁၈၆ )

2.2K 247 4
                                        

မင်္ဂလာပွဲ စီစဉ်ခြင်း

“ မင်းသမီး ”

ထိုလှပသောမိန်းမပျိုလေးသည် သွမ့်ဝူရ၏ညီမလေး၊ ဘုရင့်သမီးတော်ဖြစ်ပေ၏။

သူမသည် လှပချောမွေ့ရုံမျှမက အလွန်တရာပုံရိပ်မြင့်မားသည်။ အရေးကြီးဆုံးတစ်ချက်မှာ သူမတွင်ချစ်သူမရှိသေးသဖြင့် မြင့်မြတ်သောလူငယ်အားလုံးအတွက် အလွန်စိတ်လှုပ်ရှားဖွယ်ရာဖြစ်ရပေ၏။ သူတို့သာ သူမ၏ချစ်သူဖြစ်လာလျှင် သူတို့၏မျိုးနွယ်စုအသီးသီးမှာ ပို၍ပင်နာမည်ကျော်ကြားလာပေမည်။ သူတို့အတွက် စိတ်နှလုံးကြေနပ်ဖွယ်ရာအခိုက်အတန့်တစ်ခုဖြစ်လာပေလိမ့်မည်။

ထို့ပြင် သူတို့အားလုံးသည် မြင့်မြတ်သောမျိုးနွယ်စုများမှဖြစ်ကြ၏။ သူတို့မှာ ညီအကိုများစွာရှိရာ တန်ခိုးအာဏာအတွက် ယှဉ်ပြိုင်တိုက်ခိုက်မှု့များရှိပေသည်။

သွမ့်ရှင်းရဲ့သည် ရှေ့သို့ဆက်လျှောက်လာပြီး သူမအတွက်ထိုင်ခုံမှာ ထိုင်လိုက်လေ၏။

သွမ့်ဝူရသည်လည်း သူမ၏ဘေးတွင်ထိုင်ကာ ပြုံး၍ပြောလိုက်သည်။

“ ရှင်းရဲ့...ဒီနေရာမှာ တစ်ခါမှမင်းမတွေ့ဖူးသေးတဲ့လူတွေ အများကြီးရှိနေတယ်။ သူတို့နဲ့မင်းကို မိတ်ဆက်ပေးမယ် ”

စကားပြောရင်းနှင့် သွမ့်ဝူရက လင်းဖန်ကိုညွှန်ပြလိုက်ပြီး ပြောလိုက်၏။

“ အဲ့ဒါလင်းဖန်...ကောင်းကင်ဘုံသင်တန်းကျောင်းသားတစ်ယောက်...သူရဲ့ပင်ကိုယ်ပါရမီက ကြောက်မက်ဖွယ်ကောင်းတယ်။ သူနဲ့ရွယ်တူ နဲရန်ကိုတောင် တိုက်ခိုက်နိုင်ခဲ့တယ် ”

သွမ့်ရှင်းရဲ့သည် ခေါင်းလေးကိုမော့လိုက်ပြီး လင်းဖန်အား အေးစက်စက်နှင့် စူးစမ်းစစ်ဆေးသည့်အမူအရာဖြင့် ကြည့်လိုက်၏။ သို့ရာတွင် လင်းဖန်၏စုတ်ပြတ်နေသောအဝတ်အစားများကို သူမတွေ့မြင်သောအခါ အံ့အားသင့်သွားရသည်။

အဆောက်အဦတွင်းရှိ လူအားလုံးမှာ လွန်စွာပုံရိပ်မြင့်မားပေ၏။ အဖိုးထိုက်တန်လှသည့်အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ချောမောခန့်ညားကြသလို ဂုဏ်ယူဝံ့ကြွားနေကြပေသည်။။ လင်းဖန်၏အဝတ်အစားများက အံ့ဩစရာကောင်းလောက်အောင် စုတ်ပြဲနေရာ အခြားသူများ၏အာရုံစိုက်မှု့ကို ပယ်ရှားခြင်းငှါ မစွမ်းသာခဲ့ပေ။

PMG အတွဲ ( ၁ )Donde viven las historias. Descúbrelo ahora