part 4(zawgyi+uni)

106K 8.8K 260
                                    

ပခုံးဒဏ်ရာက အဆစ်လွဲပြီး အသားပြဲကာ သုံးချက်ချုပ်လိုက်ရသည် ။ ဒါ ဘယ်လို ကံဆိုးမှုမျိုးလဲ ။မနက် အိမ်လစာပေးဖို့ မလောက်လို့ အလုပ်လုပ်ပါတယ်။ အခု ဒဏ်ရာကရလာတော့ ကျန်တဲ့ အချိန်ပိုင်း အလုပ်တွေ ဘယ်လိုသွားရမလဲ ။ ရက်ပျက်များရင် အလုပ်ထုတ်ခံရမှာ ကျိန်းသေပဲ။

ကျွန်တော် ပခုံးကိုကိုင်ကာ ဆေးရုံ ကုတင်ပေါ်တွင် ခပ်တွေတွေလေး ထိုင်မိသည်။ ဒီဒဏ်ကိုမြင်ရင်အမေကိုဘယ်လိုပြောရမလဲ။အချိန်ပိုင်းအလုပ်တွေအတွက် ဘယ်လိုလုပ်ရမလဲ။ ပိုက်ဆံရှာဖို့ ခက်ခဲသွားပြီလေ။

"ဆေးရုံမတက်ချင်တာသေချာလား ညီ။ ကိုယ်ကတော့ တက်လိုက်ရင် ပိုစိတ်ချရမယ်ထင်တယ်"

ကောင်တာမှာ ပိုက်ဆံရှင်းပြီး ကျွန်တော့်ရှေ့ရပ်ကာ မေးလာသည့် သူ။ သူ့ပုံစံက အပြစ်သားတစ်ယောက်လို ။ လေယူလေသိမ်းက ဂရုဏာသံပါသည် ။ စိတ်မကောင်းဖြစ်နေသည့် သူ့ပုံကို ကြည့်ပြီး ကျွန်တော် ပြုံးပြလိုက်သည်။

"ရတယ် အကို။ ကျွန်တော် ဆေးရုံမတတ်လို့အဆင်ပြေပါတယ် အိမ်မှာလည်း အမေတစ်ယောက်တည်းဆိုတော့ ကျွန်တော် အိမ်ပဲပြန်ချင်တယ်"

"ဖြစ်ရဲ့လား ညီရယ်။ ကိုယ့်ကြောင့်ပါ ကိုယ့်ကို ကယ်ရင်းဖြစ်တာ"

"အကိုလည်း ကျွန်တော့်ကိုကယ်ခဲ့ဖူးတာပဲ။ ကြေပြီပေါ့ဗျာ ဟားဟား"

သူစိတ်သက်သာလိုစေရာ ရယ်တစ်ဝက်ဖြင့် ကျွန်တော်  ပြောလိုက်တော့ သူက ပြုံးသွားသည်။ အဲ့အပြုံး..နောက်တစ်ခေါက် ထပ်မြင်ရပြန်ပြီ။

"ဟာ ခေတ်နွေ!! ခေတ်နွေ!! မင်း မင်း ဘယ်လိုဖြစ်တာလဲ သက်သာရဲ့လား ဟမ် ဆရာဝန်ကဘာပြောလဲ ဆေးရုံတင်ရမှာလား ငါ ငါ ဘာလုပ်ပေးရမလဲ မင်း အဆင်ပြေရဲ့လား ဟင်"

ကျွန်တော်ထိုင်တဲ့ ကုတင်ရှေ့ အလောတကြီးပြေးလာပြီး အသဲသန်မေးနေသည့် အလင်း ။ နာမည်အပြည့်စုံက အလင်းရောင် ။ သူက ကျွန်တော်နဲ့ သူငယ်တန်းကတည်းကပေါင်းလာသည့် ငယ်သူငယ်ချင်း ။ သူ့မိသားစုကတော့ ကျနော့်ထက်ပင်ပြေလည်သည်။ချမ်းသာသည်။ သူက ကျနော့်ကို ငယ်ငယ်ကတည်းက ဂရုတစိုက်ရှိခဲ့တာ အခုထိပင်။ အခုလည်း ဘေးအိမ်က သူငယ်ချင်းအောင်အောက်ပြောလို့ သူဆေးရုံကိုလိုက်လာတာနေမှာ။

Sugar Daddy (Completed)Where stories live. Discover now